ဂျွန်က သူ့အမှတ်အသားပါသည့် တံဆိပ်တုံးကို
ယူကာ အားသုံး၍ စာရွက်ပေါ် ရိုက်နှိပ်လိုက်သည်။မယ်မယ့်ကို လာတွေ့မည်ဟု ခွင့်တောင်းခဲ့သော်လည်း
ထယ်ယောင်းမပါမှ လာပါဟု ဆိုသည်။သူမက လက်မခံသောအခါ အမိန့်ကိုသာ အသုံးပြုလိုက်တော့သည်။ထယ်ယောင်းကို ငြင်းဆန်သည်။ ထယ်ယောင်းကို ဒုက္ခပေးသည်။ ထိုလူက တခြားမဟုတ်၊ ကိုယ့်မိခင်အရင်း ဖြစ်နေလည်း ပြောရမည်။
ဂျွန် တစ်ညလုံး အပြစ်ဒဏ်မသင့်ခဲ့ပါ။
ခဏနှင့် အပြစ်ဒဏ်ပြီးသွားခဲ့သည်။တစ်ညလုံးသာဆိုလည်း ဂျွန် တကယ်သေလောက်ရော့မည်။ ထိုခဏနှင့်ပင် အကြောတွေထုံထိုင်းကာ လူတစ်ကိုယ်လုံး လေးလံနေခဲ့ပြီး နှစ်ရက်လောက်အနားယူလိုက်ရပါသည်။
သို့သော် အင်ဗြောင်ဟိုကိုတော့ လုံးဝကျေးဇူးမတင်
နောက်ထပ် ကောက်ကျစ်ဖို့ရှိသေးလို့ ဒီလို လုပ်ပေးခဲ့တာပဲလေ။ မသိရအောင် ကိုယ်က အရူးလား။ထို့နောက် ထယ်ယောင်းကို မယ်တော်က ပြဿနာရှာသွားခဲ့ကြောင်း ဆယ်ရာပြောပြ၍ သိခဲ့ရသည်။
ထယ်ယောင်းက နည်းနည်းလေးမျှ ဖွင့်ဟမလာခဲ့ပေမယ့် သူလည်း ကျေနပ်နေတယ်လို့ရယ်မဟုတ်ဘူးဆိုတာ ...
ကျယ်ဝန်းသော နန်းတော်ကြီးထဲတွင် ဂျွန်ဧကရီသည် ကိုယ့်အိမ်တော်၊ ကိုယ့်နေရာနှင့်ကိုယ်သာ နေထိုင်သည်။ သူမအတွက် နတ်ရွာစံသွားသည့် ဘုရင်ကြီးကိုယ်တိုင် ပေးခဲ့သော နေရာပင်။
သူတို့နှစ်ယောက်ကို ဝင်လာသည်ကိုမြင်တော့
အားလုံးကအရိုအသေပေးကြသည်။ဂျွန့်လက်ကို ကိုင်ထားသည့် ထယ်ယောင်းလက်များ ပိုတင်းကျပ်လာသည်။
ထို့ကြောင့် ဂျွန်က ထယ်ယောင်းရဲ့ ပခုံးလေးကို
ဖက်ထားပေးလိုက်ပြီး"ဘာမှမဖြစ်ဘူး ထယ်ယောင်း၊ မင်းကို မော်လို့တောင်မကြည့်ရဲဘူး"
"အားဖြစ်စေလို့ ကျေးဇူးပါဂျွန်"
လက်ကို ကိုင်ထားသည့် ဓားကိုင်သော ဂျွန့်လက်လေးကအစ ထယ်ယောင်း သိပ်ချစ်ရပါသည်။
ŞİMDİ OKUDUĞUN
Emerald Green
Hayran Kurguခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...