အချိန်အားဖြင့် နံနက်ခင်းပိုင်းယနေ့ နန်းတက်ပွဲဖြစ်၍ နန်းတွင်းသူ၊
နန်းတွင်းသားများ ပျားပန်းခပ်လှုပ်ရှားသွားလာနေကြသည်။ ဝတ်စားထားသည်များမှာ သာမန်နေ့ထက် ပိုမို သားနားစွာ တင့်တယ်ခြင်းများ တောက်ပနေကြသည်။ထိုအချိန် စားဖိုဆောင်နားသို့ ခိုးကြောင်ခိုးဝှက်
ဝင်လာသည့် စုတ်ချွန်းချွန်းလူတစ်ယောက်။
ယနေ့လိုနေ့မျိုးတွင် ဘုရင့်ထံဆက်သမည့်
စားဖွယ်သောက်ရာအဖြာဖြာကို သတိထားစောင့်ကြည့်ရသဖြင့် စားဖိုဆောင် အရှေ့ဘက်တွင် ရဲမက်များ
ကင်းလှည့်နေကြသောကြောင့် ဝဲလည်နေသောလူမှာ အချိန်ကောင်းကိုသာ ငံ့လင့်နေဟန်။ သို့သော်
ထိုလူသည် မျက်လုံးများ အရောင်တလဲ့လဲ့ဖြင့်
ရဲမက်များအား တဟုန်ထိုးတိုးတိုက်ပြေးလာကာ စားဖိုဆောင်သို့သာ သဲကြီးမည်းကြီး ဦးတည်ပြေးဝင်သည်။"ဟေ့ ဟေ့ ဖမ်းကြစမ်း..."
အများနှင့်တစ်ယောက်ဆိုတော့ ဘယ်လောက်မှ
မကြာလိုက်။ ထိုလူကို ဖမ်းမိသွားသည်။
ထိုလူ၏ လက်ထဲတွင် မုန့်ချိုများကို တစ်ဆုပ်တစ်ခဲ
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။ ထိုမုန့်များမှာ
ဝယ်ရရှားပါးကာ ကောင်းမွန်သော စားဖွယ်များဖြစ်၍
ဘုရင်ကိုယ်တိုင် ရွေးချယ်ထားခဲ့သော
အကောင်းတကာ့အကောင်းဆုံးများပင်။မျက်လုံးများ တောင်ကြည့်မြောက်ကြည့်ဖြစ်လိုက်၊
မုန့်များကို ကြည့်လိုက်ဖြင့် ပြုံးနေသေးသည်။
မမြင်ဖူးသည့်အရာကို ကြည့်သလို သူ့မျက်နှာမှာ
ကျေနပ်ပျော်ရွှင်နေဟန်သာရှိပြီး သူ့ကို ဖမ်းချုပ်ထားသည်ကိုလည်း သိပုံမပေါ်။
အကြောက်တရားဟူသည် မတွေ့ရ။*ဖြောင်း...
"ဒါ ဘုရင့်ကို ဆက်သဖို့ အစားအသောက်ကွ၊ မင်းကများ...."
ထိုလူက ရယ်သာရယ်နေပါသည်။
ထိုအခိုက် ခြေလှမ်းကြဲများဖြင့်
လျှောက်လာသံကို ကြားလိုက်ရသည်။"ဘုရင်မင်းမြတ်လာတယ် အားလုံးဦးညွှတ်ကြစမ်း"
ပြောပြီးသည့်နောက် ဖောင်းဟု မြည်သံကျယ်ကြီးနှင့်အတူ ပိတ်ရိုက်ခံလိုက်ရသော ရယ်နေသောထိုလူ။ နာကျင်မှု၊ အထိတ်တလန့်ရှိမှုကြောင့် လက်ထဲမှ မုန့်များ အားလုံး ပြုတ်ကျသွား၏။
YOU ARE READING
Emerald Green
Fanfictionခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...