"ထယ်ယောင်း ပန်းသွားမကောက်သေးဘူးလား"စကားလာပြောသည့် ဆယ်ရာ့လက်ထဲမှာလည်း ပန်းနီလာလေးတွေကို ကိုင်ထားသေးသည်။
"ဟင့်အင်း"
"ဟမ် မနက်ဖြန်ပွဲတော်နေ့ဆိုတာသိတယ်မလား"
"သိတယ်လေ"
"ပွဲတော်မတိုင်ခင် တစ်ရက်မှာ ဘာလုပ်ရလဲသိလား"
"ငါ.. မသိဘူး"
"ပန်းကောက်ရတယ် ထယ်ယောင်းရဲ့ ဂျူမှာပွင့်တဲ့ ပန်းနီလာတွေကို ကိုယ့်ချစ်သူနဲ့အတူတူကောက်ပြီး ယောက်ျားလေးတွေက ပန်းကုံးပေးရတယ်၊ မနက်ဖြန်ပွဲတော်နေ့ရောက်ရင် ကိုယ့်ချစ်သူမိန်းကလေးကို ကိုယ်တိုင် ပန်ပေးရတယ်"
ထယ်ယောင်းမှာ မကြားဖူးတာတွေကို စိတ်ဝင်တစားနားထောင်ရင်း..
"ပြီးတော့ ရိုးရာဝတ်စုံ.. အဲ အဲ့ဒါကတော့လေ ယောက်ျားလေးဘက်ကမိဘတွေက ကြည်ကြည်ဖြူဖြူပေးမှသာ လက်ခံဝတ်ရတယ်၊ အသိအမှတ်ပြုခံရတယ်"
စကားသံတိုးသွားသည့် ဆယ်ရာကြောင့် ထယ်ယောင်းက ခေါင်းလေးကိုရမ်းလျက် ပြုံးပြပြီး..
"ရပါတယ် ကိစ္စမရှိဘူး.. ဆိုတော့ ဂိုရိန်းနဲ့အတူ ပန်းကောက်လာတာလား"
"ဟုတ်တယ်"
ဆယ်ရာက ရှက်စနိုးလေးမျက်လွှာချကာ ဖြေသည်။
"ငါလည်း ဂျွန့်ကို သွားခေါ်ပြီး ပန်းကောက်လိုက်ဦးမယ် ဆယ်ရာရေ!"
"အွန်း!"
ထယ်ယောင်းလည်း ထွက်သွားရော
"ဆယ်ရာ!"
"အမလေး.. ဟင် ဂိုရိန်း"
"ငါ ဝတ်စုံလာပေးတာ"
"ဟင်"
"မိဘတွေဆီကတော့မဟုတ်ဘူး ငါ ကြိုပြီး ချုပ်ခိုင်းထားတာ နင့်အတွက်"
ဂိုရိန်းမှာ မိဘတွေမရှိကြတော့ဘူးကိုး..
"တကယ် ငါ ဝမ်းသာလိုက်တာ ဂိုရိန်းရယ်.. ဘယ်လိုပဲဖြစ်ဖြစ်ပါ နင့်ဆီကရတဲ့ဝတ်စုံဖြစ်ရင် ရပြီပဲ"
ဝမ်းသာကြောင်းပြောသည့်အလျောက်နှစ်သိမ့်သလိုရှိနေသည့် ဆယ်ရာ
YOU ARE READING
Emerald Green
Fanfictionခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...