"ရော့ ယူထား"အပြင်ထွက်စောင့်နေသည့် ခက်ထန်မှုအပြည့်နှင့်ဂျွန်က အဝတ်အစားလဲကာ ထွက်လာသည့် ထယ်ယောင်း၏လက်ထဲသို့ သူ့ဓားကို ထည့်ပေးလိုက်၏။
ညာလက်က ဓားကိုကိုင်၊ ဘယ်လက်က ဂျွန့်လက်ကိုတွဲလျက် ဂျွန်ခေါ်ရာအတိုင်း လိုက်ခဲ့သည့်ထယ်ယောင်း။ နှစ်ယောက်စလုံးက မပြုံးမရယ်။
ထို့အပြင် အတူယှဉ်တွဲရပ်ထားချိန်တိုင်း တောက်ပလေ့ရှိသည့် အရှိန်အဝါတစ်မျိုးက တဖိတ်ဖိတ် ထွန်းလင်း၍နေသည်။ လျှောက်လှမ်းသော ခြေတစ်လှမ်းတိုင်းက မာန်အပြည့်။
ဘုရင့်ရဲ့ တပ်ထဲသို့ ဂျွန်ဝင်လာသည့်အခါ အင်မတန်ကြောက်လန့်နေကြသော တပ်သားများ။
အကြောက်တရားများသာကြီးစိုးသွားစေနိုင်သော ဂျွန့်မျက်လုံးထဲမှ စူးရဲမှုများက တစ်ခုခုကိုရှာဖွေလျက်ရှိသည်။
နောက်တွင် ကပ်ပါလာသော တပ်သားနှစ်ဦးက
"ဟိုနားက လူပဲ သခင်"
ဟု ဆိုကာ လက်ညှိုးညွှန်လိုက်တော့သည်။
တစ်ပြိုင်နက် ထယ်ယောင်းလက်ကို လွှတ်ကာ
ဝုန်းဝုန်းဒိုင်းဒိုင်း ထိုလူ့ဆီရောက်သွားသော ဂျွန်။ဂျွန့်ရင်တွင်းမှ တင်းကျပ်နေမှုများ ဝုန်းခနဲ ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရပြီးနောက် တစ်ဖက်လူမှာ တားချိန်ပင် မရလိုက်ဘဲ ဂျွန့်၏ အကြိတ်အနယ်ထိုးချက်များကြောင့် မြေပေါ် ခွေးကျဝက်ကျ ဗိုင်းခနဲ ပက်လက် လဲကျသည်။
*ခွပ် *ခွပ် *ခွပ်
တစ်ဖက်လူ၏ ပါးစပ်နှင့်နှာခေါင်းမှ သွေးတွေ ရဲနေအောင်ထွက်ကျလာလေပြီ။
ဂျွန့်ဒေါသအရှိန်က ထိပ်ဆုံးမှာဖြစ်တာကြောင့် မရပ်မနား အထိနာအောင် အငြိုးဖြင့် ထိုးကြိတ်လျက်...
ဘယ်သူမျှလည်း ဝင်မဆွဲရဲကြ၊ ကြောက်ဒူးတုန်ပြီးသာ ကြည့်နေကြ၏။
"သူ့အသားထပ်ထိရင် မင်းကိုအရှင်မထားဘူး နုတ်နုတ်စင်းပစ်မယ်!"
အော်ဟစ်ရင်း လည်ပင်းကို ညှစ်ထားသော ဂျွန်က တကယ် ကြောက်စရာ။
YOU ARE READING
Emerald Green
Fanfictionခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...