ဂျူတိုင်းပြည်မြင့်မားကာထုထည်ထူသော မြို့ရိုးတံတိုင်းရှည်ကြီးများဖြင့် ဝန်းရံထားသော တိုင်းပြည်ကြီးတစ်ခု။
ထူးခြားသည့်အပြာရောင်ပန်းများ ဆယ့်နှစ်ရာသီလုံးပွင့်လန်းရာနယ်မြေ။ ပြည်ထောင်များစွာကိုလည်း
သိမ်းပိုက်နိုင်ခဲ့သည်။ လတ်တလောတွင် နန်းလုပွဲကျင်းပပြီး၍ နန်းတက်ပွဲအတွက် ပြင်ဆင်နေကြ၏။
ဂျူတိုင်းပြည်၏ နေရာအနှံ့တွင် သာမက အခြားသော ပတ်ဝန်းကျင်တိုင်းပြည်များတွင်လည်း နန်းတက်ပွဲအကြောင်းက သတင်းကြီးနေသည်။တိုင်းပြည်ကြီးတိုင်းပြည်ငယ်များမှ
ဆက်သလိုက်သော ဆင်မြင်းရတနာများစွာအနက် ဟွားတိုင်းပြည်မှ ပို့ဆောင်လိုက်သော
လက်ဆောင်ပဏ္ဏာများကို ကြည့်ရှူစစ်ဆေးရမည့်
အလှည့်ရောက်လာသည်။"ဟွားက ပစ္စည်းတွေကြည့်ရမယ့်အလှည့်ပါ ဂျွန်ဧကရီ"
"အင်း ..."
ဟွားမှ ရတနာများစွာ တင်ထားသော ဗန်းများကို
ကိုင်ဆောင်ထားရင်း ခေါင်းငုံ့ထားကြသည့်
အစေခံမိန်းမပျိုများ။"အင်း သဘောကျတယ်၊ ကောင်းတယ်"
ဟိုဘက်သည်ဘက် လက်ညှိုးထိုးပြရင်း
ခေါင်းညိတ်ကာ မှတ်ချက်ပေးသည်။
နောက်ထပ် ပြည်ထောင်တစ်ခုက
ဆက်သလိုက်သော ပစ္စည်းများအား ကြည့်ရန် ဆက်သွားမည့်အခိုက် မြင်းခွါသံကိုကြားလိုက်ရ၍
သူမ တစ်ချက်လှမ်းကြည့်မိလိုက်သည်။
မြင်းပေါ်မှ လူငယ်သည် ခုန်ကာဆင်းလာပြီး
သူမဆီလာနေလေသည်။ နောက်တွင်
အမျိုးသမီးတစ်ယောက်လည်းပါလာသည်။"အဲ့ဒါ ဘာလဲ..." သူမ နားမလည်စွာ ပြောမိ၏။
"ဂျူပြည်က မင်းသားငယ်ပါ"ဟု နောက်မှ
အခြွေအရံတစ်ယောက်က လျှောက်တင်သည်။
ထိုအခါမှ သူမ မျက်နှာအနည်းငယ် ပျက်သွားပြန်သည်။ ပြီးကာမှ ခပ်ငြိမ်ငြိမ်ပြုံးရင်း"လက်ဆောင်ပဏ္ဏာတွေကို ပို့ဖို့ မင်းသားကိုပါ ထည့်လိုက်တာလား၊ ဟွားဘုရင်မှာ မိဖုရားတွေများသားဆိုတော့ မင်းက ဘယ်သူ့သားလဲ"
"ကင်မ်ဟွာယောင်း"
သူမ ခေါင်းတစ်ချက်ညိတ်ပြီး
DU LIEST GERADE
Emerald Green
Fanfictionခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...