4.

2K 196 3
                                    



ညသည် အလွန် နက်လာ၏။
မိုးက ဆင်ခြင်းမရှိ ဗြုန်းဗြုန်းဒိုင်းဒိုင်း
ရွာချလိုက်သည်။ ကောင်းကင်မှ မိုးစက်မိုးပေါက်များ
အရှိန်ဖြင့် ကျလာသည်။

အိပ်ပျော်နေရာမှ မျက်နှာပေါ် စင်လာသော
မိုးပေါက်များကြောင့် ထိတ်ခနဲ လန့်နိုးသွားရသည်။ ဘေးတွင် မည်သူမျှ ရှိမနေ။ ပြီးမှ နေ့လည်ခင်းကတည်းကနေ သူအိပ်မပျော်ခင်အထိ ထိုလူ ပေါ်မလာခဲ့ကြောင်း သတိရမိသည်။

"ခင်ဗျား ပြန်သွားပြီလား"

လေပြင်းထန်မှုကြောင့် သစ်ပင်များ၏ အကိုင်းအခက်များသည် ကြမ်းတမ်းစွာ ပွတ်တိုက်မိကုန်၏။
သစ်ပင်များ၏ ပွတ်တိုက်ယှက်ခတ်သံသည်
မိုးပြင်းလေပြင်းတို့နှင့် အပြိုင် ညံဆူ၍နေသည်။

ကိုယ်ပေါ်မှမိုးစက်များနှင့်
တိုက်နေသောလေပြင်းကြောင့်
သူ အေးဖို့ကောင်းသည်။
သို့သော် သူ့ရင်ထဲမှာ မအေး၊
ပြင်းပြစွာ ပူလောင်လျက်ရှိသည်။

ကောင်းကင်ပြင်တွင်လည်း လျှပ်စီးအလင်းတန်းကြီးများ ရုတ်တရုတ်ပေါ်လာလိုက် ပျောက်ကွယ်သွားလိုက်ဖြစ်နေ၏။ ထို့အတွက် ပိန်းမှောင်နေသော ပတ်ဝန်းကျင်သည် တစ်ခါတစ်ခါ လင်းလက်သွားတတ်သည်။

မိုးကျသံ တဗြင်းဗြင်းကို သူမကြောက်။
လျှပ်စီးကြောင်းများကိုလည်း သူ မမှု။
မိုးခြိမ်းသံ တလှိမ့်လှိမ့်ကိုလည်း သူ မဖြုံ။
ထိုလူသာ ထွက်သွားခဲ့ပြီဆိုလျှင်ဆိုသော
အတွေးကသာ သူ့ကို ပူပန်စေလျက်ရှိသည်။

သူ အားယူထကာ မှောင်မှောင်မည်းမည်းထဲ လျှောက်နေမိ၏။ ခြေထောက်က အနာဒဏ်ကြောင့် ခရီးက မတွင်သလို ပိတ်ဆီးနေသော အမှောင်ထုရယ် မျက်နှာပြင်က မိုးစက်တွေရယ်နှင့် အမြင်က ဝေဝေဝါးဝါး။

တစ်ချက်တစ်လေ လျှပ်စီးလက်သည့်အခါမျှသာ ရှေ့မှ လျှပ်တစ်ပြတ်မြင်လိုက်ရသည့် အရာတွေကို မှတ်သားထားပြီး ဆက်တိုးလို့ရသည်။

ဘေးပတ်လည်တစ်ခွင် အသံစူးရှလှသည့် ပိုးကောင်အော်သံများလည်း ကြားရသည်။ မိုးကလည်း ကောင်းလှသည်။ သည်းထန်စွာ တဝေါဝေါ။

Emerald Greenحيث تعيش القصص. اكتشف الآن