ဂျွန်သည် သူ၏ တပ်သားများကို စစ်ရေးလေ့ကျင့်ခိုင်းပြီး သူကိုယ်တိုင်စောင့်ကြည့်စစ်ဆေးနေသည်။"ဟေးဟေ့ ဟိုတစ်ယောက် လဒမှိုင်မှိုင်ပြီး ဘာဖြစ်နေတာ စိတ်မဝင်စားရင်ထွက်သွားစမ်း"
စကားသံနှင့်အတူ ထိုတစ်ယောက်အနား လှစ်ခနဲရောက်သွားသော ဂျွန်က ထိုသူ့ နားရင်းကို အုန်းခနဲမြည်အောင် ပိတ်ရိုက်လိုက်ပြီး
"စစ်ရေးလေ့ကျင့်နေတာ ပေါ့သေးသေးထင်နေလား ဟမ် ! !"
ထိုလူက မတုန်မလှုပ်နှင့် ကြောက်နေပုံတော့ရသည်။
ငုံ့ထားသည့်ခေါင်းက အနည်းငယ်မော့လာကာ"ကျ ကျွန်တော်တို့ ဒီလိုတွေလေ့ကျင့်ရတယ်၊ စစ်တိုက်ရတယ် ပြန်ရလာမယ့် အ .. အကျိုးအခွင့်က"
ပြောလို့မှ မဆုံးလိုက်၊ ဂျွန်က ထိုသူ့ကို ကြောက်စရာကောင်းလောက်အောင် ကြည့်နေရင်း နောက်တစ်ချက် လက်ပြန်ရိုက်ချလိုက်ပြန်သည်။
"မော့ ! ခေါင်းကို မော့ထား"
"မင်း အသက် ဘယ်လောက်ရှိပြီလဲ"
"နှစ် နှစ်ဆယ့်တစ်"
"ဒီထဲမှာ အသက်ဆယ့်ရှစ် ဆယ့်ကိုးတွေ၊ မင်းထက်ငယ်တဲ့လူတွေပါဦးမှာပါ ... မင်းရဲ့စကားက မင်းစိတ်ဓာတ်ကို ဖော်ပြလိုက်တာပဲ"
"...."
"အသက်နဲ့လိုက်ပြီး မင်းဦးနှောက်က မဖွံ့ဖြိုးဘဲဂုတ်ကပ်ကျန်ခဲ့တယ်ထင်တယ် !"
ဂျွန့်အသံက ပို၍ အေးစက်ကာ ကြောက်စရာဖြစ်လာ၏။ လေ့ကျင့်ရေးကွင်းထဲက လူအားလုံးလည်း ဂျွန့်စကားများကို တစ်လုံးမှအလွတ်မခံဘဲ နားထောင်နေကြသည်။
"လူတိုင်းက အကျိုးအမြတ်ရဖို့ အလုပ်လုပ်ကြတာပဲ ဒါပေမယ့် ... တိုင်းပြည်ကိုအလုပ်အကျွေးပြုတဲ့အခါ တိုင်းပြည်က ငါ့ကိုဘာပေးလဲဆိုတာမကြည့်ဘဲ ငါ တိုင်းပြည်ကို ဘာထပ်လုပ်ပေးနိုင်သေးလဲဆိုတဲ့စိတ်နဲ့ လုပ်ရတယ် မှတ်ထား ! !"
"အားလုံး! ဒီစကားက လေထဲမှာတင်ပျောက်မသွားစေနဲ့ ရင်ထဲအသည်းထဲကို ရိုက်ထည့်ထား !"
ဂျွန်သည် ထိုသူ့ကို ကြည့်၍ မေးငေါ့ပြသည်။
ထို့အခါ တပ်သားနှစ်ယောက်ရောက်လာပြီး ထိုသူ့ကို ဆွဲခေါ်သွားတော့သည်။
YOU ARE READING
Emerald Green
Fanfictionခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...