ခမ်းနားလှသည့် နန်းဆောင်များကို တွေ့ခဲ့ရသည်။ သာမန်နန်းဆောင်များပင် ဒီလောက် ခမ်းနားနေလျှင် ဂျွန့်အဆောင်သာဆိုလျှင် ပို၍ ထည်ဝါနေလိမ့်မည်မှာ သေချာသည်။ တကယ်လည်း ဂျွန်နေသည့် အဆောင်တော်က ကျယ်ဝန်းပြီး တင့်တယ်နေ၏။အဆောင်ထဲကို ဝင်လိုက်သည့်အခါ တစ်ခန်းလုံး ဂျွန့်ရဲ့ ကိုယ်သင်းနံ့တွေ ရသည်။ အကောင်းဆုံးအမွှေးနံ့သာတွေ ထားရှိတဲ့ အခန်းကျယ်ကြီးထဲကမှ ဂျွန့်ကိုယ်နံ့ကိုသာ ခံစားမိနေတဲ့ ထယ်ယောင်းရဲ့ အချစ်က ဘက်လိုက်တတ်သည်။
ထယ်ယောင်းကို ခုတင်ပေါ် တင်ပေးလိုက်သော ဂျွန်။ လမ်းမှာ ပြောထားသည့် ဂျွန့်စကားကြောင့် ထယ်ယောင်းခမျာ ခပ်လန့်လန့်။
နံရံဘက်မှာ ထားသည့် လက်နက်တွေ။ ဓား၊ ပုဆိန်၊ လေး အစရှိသဖြင့် အစုံအလင်။ နောက်တော့ အခန်းရဲ့ ညာဘက်ထောင့်မှာ နေရာယူထားသော ပိတ်ကား တစ်ချပ်။ ဘယ်သူ့ပုံ ဖြစ်လောက်မလဲ။
ဂျွန်ကသူ၏ ဓားကို ဓားထားသည့် နေရာမှာ အကျအနထားနေသည်။
အခန်းတွင်း ထိုးဖောက်လာသော နေရောင်ခြည်ကို မြင်ရသည့်အတွက် နေ့လည်ရောက်ပြီမှန်း သိလိုက်၏။ သို့သော် အအေးဓာတ်က ကျန်နေဆဲ။
"ဘာလို့ အဲ့ဒီပိတ်ကားကိုကြည့်နေတာလဲ..
ထယ်ယောင်း""ဟို အဲ့ဒါ ဘယ်သူ့ပုံကို ဆွဲထားတာလဲ"
"တကယ်သိချင်လား"
"အင်း ... သိချင်တယ်"
ဂျွန်က ပိတ်ကားအနားထိသွားပြီး
ဘေးကကြိုးကို ဆွဲချလိုက်သည်။"ဟင် ..."
ထယ်ယောင်း၏ ပုံ။
ဆံပင်၊ မျက်နှာကျ၊ ခန္ဓာကိုယ်ပုံစံ၊
လက်ချောင်းတွေ၊ နှာခေါင်းလုံးလုံးထိပ်မှ မှဲ့လေးက အစ တူသည်။ ဒါပေမယ့် မျက်လုံးနေရာမှာ မျက်ဆံအဖြူအတိုင်းသာ ရှိသည်။"ထယ်ယောင်းရဲ့ မျက်လုံးလေးတွေ လှတဲ့အကြောင်းကို ပြောမပြချင်ဘူး၊ ပုံပေါ်လာမယ့် မြစိမ်းမျက်ဝန်းလေးကို မကြည့်စေချင်ခဲ့တာ ... အဲ့ဒါကြောင့်"
ထယ်ယောင်း မျက်ဝန်းအိမ်မှာ ငွေ့ရည်ဖွဲ့လာသည်။
အချစ်တွေကို ထယ်ယောင်း ရင်းရင်းနှီးနှီး ခံစားမိနေ၏။ ထယ်ယောင်းနဲ့ ပတ်သက်လျှင် ဂျွန်က နည်းနည်းလေးမျှ အတိမ်းအစောင်းမခံသလို ထယ်ယောင်းကလည်း ဂျွန့်အရာအားလုံးကို သူသာ ပိုင်ဆိုင်ချင်သည့် စိတ်က ဦးနှောက်နဲ့ နှလုံးသားထဲမှာပါ စွဲနေတာ၊ ဆေးမှင်ထိုးထားသလိုမျိုး။
YOU ARE READING
Emerald Green
Fanfictionခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...