နှင်းဆီတွေကို သယ်ရင်း အဆောင်ထဲသို့ ဝင်လာခဲ့ကြသည်။ဘယ်လောက်မှ မကြာလိုက်
အပြင်ဘက်က တံခါးခေါက်သံ နှစ်ချက်
"သခင်"
ဂိုရိန်းအသံ"ပြော"
အသံကို အနည်းငယ်မြှင့်ကာ ပြောလိုက်သည့် ဂျွန်"ဘုရင်က တောင်ဘက်ပြည်ကလာတဲ့သံတမန်ကို သတ်လိုက်ပြီး စစ်ကြေညာလိုက်ပြီ"
"ဘာ!"
"ဟုတ်ပါတယ် ကျွန်တော်တို့တပ်တွေကိုလည်း ပြင်ဆင်ထားဖို့ အမိန့်ရောက်လာတယ်"
"သိပြီ ဂိုရိန်း သွားတော့"
အသံမကြားရတော့...
"ကျစ် အင်ဗြောင်ဟိုက လွယ်တာကိုခက်အောင်လုပ်နေတာ တောက်!"
"ဒီတော့ ဂျွန်က စစ်ထွက်ရမယ်ပေါ့"
"ထယ်ယောင်း"
"အင်း ကျွန်တော့်ကိုပါ လိုက်ခွင့်ပေးပါ"
"မဖြစ်နိုင်ဘူး ထယ်ယောင်း"
ထယ်ယောင်းအတွက် မခက်ခဲဘူးဆိုတာ သိသည်။
သို့သော် စိတ်မချသူကိုယ်က ထိခိုက်မည်ဆိုး၍...ထယ်ယောင်းက မှန်တင်ခုံရှေ့ကို ရောက်သွားပြန်သည်။
ဒီတစ်ခါတော့ မှန်ကို ဖျက်ဆီးလိုက်သည်မဟုတ်
ဂျွန့်ရဲ့ ဦးဆောင်းတန်ဆာကိုယူကာ သူ့ခေါင်းပေါ်ဆောင်းလိုက်ခြင်း
ဂျွန့်ဆီ ပြန်လျှောက်လာပြီး
"ဘယ်လိုလဲ ကြည့်ကောင်းတယ်မလား"
ဂျွန်က ပြုံးသည်။
"ဟိုနားကနှင်းဆီပန်းတွေအတိုင်းပဲ"
ထယ်ယောင်းက ခေါင်းပေါ်ဆောင်းထားတဲ့ ဦးဆောင်းကို ချွတ်ပြီး ဂျွန့်ကို ဆောင်းပေးပြန်သည်။
"မှန်ထဲကို ကြည့် ဂျွန်၊ ဓားတစ်လက်နဲ့ နှင်းဆီတစ်ပွင့်က ဘယ်လိုမှ ဆက်စပ်မှုမရှိပေမယ့် အတူယှဉ်ထားလိုက်တော့ အရှိန်အဝါတစ်ခုနဲ့တင့်တယ်နေတာ"
မှန်ထဲမှ မြင်နေရသော ကိုယ့်ဓားထားသည့်နေရာဘေးရှိ ထယ်ယောင်းနားကြားက ဖြုတ်ထားတဲ့ နှင်းဆီတစ်ပွင့်ရယ်...
KAMU SEDANG MEMBACA
Emerald Green
Fiksi Penggemarခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...