တောင်ယာဘက်က တက်လာတဲ့
မီးခိုးတို့ဖြင့် နံနက်ခင်း။နွေအခါ ရိုးပြတ်လယ်တောတွေဟာ
လွမ်းမောဖွယ်နှောလို့...။ပန်းနီလာတွေလည်း ပြာတောက်နေအောင်
ဆယ့်နှစ်ရာသီပွင့်တုန်း..။ဂျူရဲ့ ဘယ်နေရာကြည့်ကြည့်
အလှတရားတွေ ရှင်သန်နေတုန်း။ပန်းပြာပင်လေးအောက်က ပန်းလှလှလေးတွေကို လက်ထဲအဆုပ်လိုက် ကောက်ယူကာ တလုံးလုံးပြေးလာသည့် အညိုရောင်လေး..။
"ပါပါး ပါပါးရေ..."
"အို..ဖြည်းဖြည်းလာပါ"
"ဒီမှာ ပါပါးအတွက်.."
လက်နှစ်ဖက်လေးထဲထည့်ထားတာလေးတွေ ယူဖို့ လက်ဖြန့်ပေးတော့ ကလေးက ခေါင်းယမ်းသည်။
"ပေးလေ.. ပါပါးကို"
"ဟင့်အင်း .. ပါပါး ခေါင်းငုံ့"
ဘာမှ စဉ်းစားမနေဘဲ ကလေးစိတ်တိုင်းကျလုပ်ပေးသည့်အခါ ခေါင်းပေါ် ရောက်လာတဲ့ ပန်းလေးတွေ..
"ပါပါး ခေါင်းပေါ်က ပန်းကပိုမွှေးတယ်ဆို"
သူ့မှာ မျက်လုံးတွေမှိတ်သည်အထိ ရယ်မိရင်း
"ဟုတ်လား ကဲ မွှေးကြည့်"
ရှူးခနဲနမ်းကာ
"ဟုတ်တယ် ပါပါး"
"အမလေးဗျာ.. ဦးဦးဆီမသွားသေးဘူးလား"
လက်လေးတစ်ခါခါနဲ့ ကလေးလေးက
"ဘာမှ မပြောရသေးဘူးလေ ဒီနေ့"
"အော်.. ဟုတ်ပါပြီ"
မတ်တပ်ရပ်နေသည့် အညိုလုံးလေးက ထိုင်နေသည့်ဖခင်ဖြစ်သူအား သေချာကြည့်ရင်း တစ်ခုခုအတွက် အဆင်သင့်ဖြစ်နေဟန်။
"အကြောက်တရားဆိုတာ"
"ရှုံးနိမ့်ခြင်းရဲ့ အခြားနာမည်"
ထယ်ယောင်းရဲ့စကားနောက် ပြတ်ပြတ်သားသားထွက်လာတဲ့ ကလေးရဲ့အသံလေး။
"လူသီသဖို့"
"စာနာမှုလိုတယ်"
"မင်းရဲ့စံပြပုဂ္ဂိုလ်က"
"ခမည်းတော်ဂျွန်ဂျောင်ဂု"
"အင်း.. ပြီးတော့ ခမည်းတော်ရဲ့စကားကရော"
