"ထယ် တံခါးဖွင့်ကွာ ..."ဒုန်း ဒုန်း
အပြင်ဘက်မှ တောင်းဆိုနေသော ဂျွန်သည် ကိုယ့်အပြစ်ကို မသိလေရော့ထင်။
တစ်ညလုံးပစ်ထာတာကြီးက လွန်လွန်းသည်။
လိုအပ်နေတဲ့အချိန် အနားမှာ မရှိပေးသည့် ဂျွန်။တဒုန်းဒုန်း ထုရိုက်နေသံများ ပို၍ ညံပွက်လာ၏။
"ထယ် ကိုယ် တောင်းပန်မယ် အဲ့ဒါကြောင့် တံခါးဖွင့်စမ်းလို့"
ထယ်ယောင်း ခေါင်းမာတာ ဘယ်လောက်ထိလဲဆိုတာ ကိုယ်အသိဆုံး။
"ဂျွန်ထယ်ယောင်း! ဖွင့်မပေးရင် ကိုယ်တို့တွေ အဆုံးသတ်ပြီနော်"
တောင်းပန်ပါတယ်။
ဒီစကားမျိုးပြောလိုက်ရလို့ ထပ်ပြီး နာကျင်သွားမှာ သိပေမယ့် နောက်ဆုံးတစ်နည်းက ဒါပဲ ရှိတော့တာမို့။ကျွီ...
"ထယ်..."
မျက်လုံးတွေကိုမှိတ်ချထားပြီး စိုစွတ်နေသေးတဲ့ မျက်တောင်ဖျားလေးတွေက အခုထိ အငိုမတိတ်သေးတာလား။
လက်လေးတစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်မိတော့
"ပျော်လား"
"ဟင် ?"
မှိတ်ချထားသော မျက်လုံးများ
အသာအယာလေး ပွင့်လာသည်။နီရဲနေသောထယ်ယောင်း၏မျက်လုံးများမှာ
ဝမ်းနည်းနာကျင်နေပြန်၏။"နာကျင်ရတာချင်းတူတူ ကျွန်တော့်ကို ထပ်ပြီးနာကျင်အောင်လုပ်ရတာ ပျော်လားလို့!"
ရင်ဝတွင်စူးခနဲ။
အူလှိုက်သည်းလှိုက်အော်ပြောသည့် ထယ်ယောင်း၏ စကားများက အရှိုက်ကို တည့်တည့်ဝင်ဆောင့်သည်။"မပျော်ပါဘူး ကိုယ်မပျော်ပါဘူး"
"ဘာလို့ တစ်ညလုံးပစ်ထားတာလဲ!"
"တိုက်ဆိုင်မှုတစ်ခုလေးပဲ ထယ် ကိုယ်မရည်ရွယ်ခဲ့ဘူး"
"တိုက်ဆိုင်မှု .. အဲ့ဒီ တိုက်ဆိုင်မှုက ကျွန်တော့်ကို ဘယ်လောက်ခံစားသွားရစေလဲ သိလား၊ လာမယ် ထင်နေတာ ဂျွန်ရဲ့၊ နေမကောင်းတဲ့ကိုယ့်ကိုတော့ ပစ်မထားရက်လောက်ဘူးလို့ မျှော်လင့်နေခဲ့တာ အခု ငိုချင်တာတောင် ငိုလို့မရတော့အထိ ရင်ဘတ်ထဲကျပ်စို့နေလို့ ဒီအတိုင်းငြိမ်နေရတာလို့ ဒါကိုမှ ခင်ဗျားက ထပ်ပြီးခြိမ်းခြောက်သေးတာ လိုအပ်နေတဲ့အချိန်မှာလည်း ရှိမနေပေးခဲ့ဘူး"
YOU ARE READING
Emerald Green
Fanfictionခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...