ထယ်ယောင်းအတွက် အရာအရာဟာ အသားမကျသေးပေ။ စိမ်းသက်နေသည့်ပတ်ဝန်းကျင်အသစ်မှာ ရင်းနှီးနေတာဆိုလို့ တစ်ဦးတည်းသော ဂျွန်သာရှိသည်။ အားလုံး အစိမ်းသက်သက်ချည်း။ နေရသည့် နေရာကလည်း ဂျွန်နဲ့ဝေးနေသည်။ ဂျွန်က သူ့ကို ဧည့်သည်ဆောင်မှာပဲ ထားခဲ့သည်။နှစ်ရက်တောင် ရှိပြီ။ အခန်းထဲကနေလည်း မထွက်ဖြစ်ခဲ့။ နှစ်ရက်အတွင်း ဂျွန်ကသာ ချောင်းပေါက်မတတ်လာတွေ့၏။ မနက်မိုးလင်းလို့ မျက်လုံးနှစ်ဖက်ဖွင့်လိုက်ရင် ခုတင်ဘေးရောက်နေတဲ့ ဂျွန့်ကိုမြင်ရသည်။ ညအိပ်ရာဝင် ကလေးတွေ ချော့သိပ်သလို ဘေးနားကစောင့်နေတတ်သည်။
မနက်ခင်းဆို ဘယ်အချိန်ရောက်လာမှန်းမသိရသလို ညဆို ဘယ်အချိန်မှ ပြန်သွားလဲ မသိရ။ သည်လိုဆိုရင်လည်း သူနဲ့ အတူထားပါရောလား။ အဲ့လိုသာဆို ဆောင်းတွင်းက ပိုပြီး နွေးထွေးနေမှာပဲ။
ဒီနေ့တော့ မနက်ခင်းကတည်းက ဂျွန့်ကို မတွေ့ရသေးဘူး။
အတွေးတွေက အဆုံးမသတ်သေး။
တွေးရင်းပင် ဂျွန်နဲ့တွေ့ချင်လာသည်။ ပတ်ဝန်းကျင်ကိုလည်း ရင်းနှီးအောင် လုပ်ဖို့လိုနေပြီထင်သည်။ တကယ်တော့ ဂျွန့်ကို သွားတွေ့ချင်လို့ ပတ်ဝန်းကိုလေ့လာဖို့ကို အကြောင်းပြလိုက်တာ ထယ်ယောင်းသာ သိမည်။ ဒါကြောင့်
ထယ်ယောင်း အခန်းထဲကနေ ထွက်လာလိုက်သည်။ အပြင်ဘက် ထွက်လိုက်သည့်အချိန် လေသုန်လေညင်းအေးအေးများ မျက်နှာကို လာကျီစယ်ကြသည်။ အခန်းပြတင်းက ဝင်ထွက်တိုက်ခတ်နေတဲ့ လေတွေထက် ပိုလတ်ဆတ်၏။ ဆောင်းရနံ့သင်းနေတဲ့ လေညင်းအေးကြောင့် လေးကန်နေသည့်စိတ်များ လန်းဆန်းသွားသည်။ခပ်နွေးနွေးနေရောင်ကြောင့် အချို့သော
နှင်းခဲများအရည်ပျော်ကျနေကြသည်။"အား ... ဂျွန်"
ခြေဖဝါးထဲ အောင့်ခနဲ စူးဝင်လာသည့် ချွန်ထက်နေတဲ့ ဖန်ကွဲစ ခပ်ကြီးကြီး တစ်ခု။ ထယ်ယောင်း တစ်ခါတည်း ခွေကျသွားသည်။ အေးခဲနေသည့် အချိန်ကြောင့် ဒဏ်ရာက တဆစ်ဆစ်ကိုက်ခဲလာသည်။ အသွေးအသားထဲထိ တမျက်မျက် နာကျင်မှု။
ထယ်ယောင်း မထနိုင်။ ခြေဖဝါးအောက်မှ နှင်းခဲဖြူဖြူတွေက အနီရဲရဲသို့ ကူးပြောင်းလာသည်။
BINABASA MO ANG
Emerald Green
Fanfictionခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...