14.

1.3K 140 4
                                    



ဂိုရိန်း အဆိပ်ဒဏ်ကို တော်တော်ကြီး ခံစားလိုက်ရသည်။ ယခုတော့ ပုံမှန်အတိုင်း ပြန်ကောင်းလာသည့်အတွက် သခင့်ဆီကို ချက်ချင်းလာဖြစ်သည်။

"ဂိုရိန်း မင်းကငါ့အတွက် တကယ်ကောင်းတဲ့လူပါ၊ အားကိုးရတဲ့ လူယုံလည်းဖြစ်သလို သူငယ်ချင်း သူငယ်ချင်းလိုတောင် ဖြစ်နေပြီ ဟက်"

ဂျွန်က ဂိုရိန်း၏ လက်မောင်းကို တစ်ချက်ရိုက်ရင်း ဆိုလိုက်သည်။

"ကျွန်တော်လည်း သခင့်ဆီမှာ အမှုထမ်းခွင့်ရတာ ဆုလာဘ်တစ်ခုပဲ ကျေးဇူးပါ သခင် .. ဆုံးသွားတဲ့မိဘတွေက အတွယ်တာရဆုံးဖြစ်ခဲ့တယ် အခုလည်း သခင်က ကျွန်တော့်ရဲ့  အခင်မင်ရဆုံးလူပါ"

"မိဘတွေ ဆုံးသွားတာကြာခဲ့ပြီလား"

"ကြာပြီပေါ့ ကျွန်တော့်အသက် ဆယ့်လေးနှစ်လောက်က နောက်ပိုင်းဦးလေးနဲ့အတူနေရင်းကနေ လွန်ခဲ့တဲ့နှစ်က သူဆုံးသွားပြန်တယ် တစ်ကောင်ကြွက်ဘဝမှာနေမယ့်အတူတူ နန်းတော်မှာပဲ အမှုထမ်းဖို့ဆုံးဖြတ်ခဲ့တာ ကံကြမ္မာက အစီစဉ်တကျဖန်တီးပေးထားသလိုပဲ ကျွန်တော့်အတွက် သခင့်ကို ထပ်ဖန်ဆင်းထားပေးတာဖြစ်မှာ"

"မင်းကို သံယောဇဉ်ရှိပါတယ် ဂိုရိန်း ငါအမှန်တိုင်းပြောတာ ..."

"ဟုတ်ကဲ့ ကျွန်တော် သိပါတယ်"

"အခုတလော ဘာကိစ္စမှမရှိသေးဘူး မင်း သေချာအနားယူထားကွာ"

"ကောင်းပါပြီ ကျွန်တော် သွားတော့မယ်သခင် !"

ဂိုရိန်း အပြင်သို့ ပြန်ထွက်လာခဲ့ပြီး လမ်းတွင် ရေပုံးကိုယ်စီဖြင့် ရေသယ်နေကြသူများကို တွေ့လိုက်ရသည်။
ကြိုးစားပန်းစားပြေးကာလွှားကာ ရေကို သယ်နေကြသည်မှာ မူမမှန်။ တစ်ခုခုတော့ ထူးဆန်းနေပြီ။

"အမလေး ဘုရားရေ ! !"

အသံကြောင့် ဂိုရိန်း လှည့်ကြည့်မိလိုက်ရာ ဘေးကဖြတ်သွားသည့် အမျိုးသမီးငယ်လေးတစ်ယောက် ရေတွေဖိတ်စင်ထားသော လမ်းပေါ် ဟန်ချက်ပျက်ပြီး ချော်လဲခါနီးဖြစ်သွားသည်။ သူမ လန့်ပြီး အော်လိုက်တာ ဖြစ်မည်။

သူမ လက်ကို ဖျတ်ခနဲ လှမ်းဆွဲပေးမိတော့...

သူမလက်ကိုဆွဲထားလျက်သား သူမကလည်း ကျွန်တော့်ကို ပြူးလျက်သား စိုက်ကြည့်နေမိကြသည်။

Emerald GreenTempat cerita menjadi hidup. Temukan sekarang