"သခင် ခဏလောက်သွားတွေ့ပါလား""ကြည့်စမ်း ဂိုရိန်း ဟိုမှာ လဲကျသေဆုံးနေတဲ့ စစ်သည်တွေ.. ဒဏ်ရာကြောင့် နာနာကျင်အော်ဟစ်နေတဲ့ စစ်သည်တွေ ခဏအိမ်ပြန်နိုင်ဦးမလား.."
ဂျွန်က သူရှေ့မှာ ဖြစ်ပျက်နေတာတွေကို မျက်မှောင်ကြုတ်ကြည့်ရင်းလက်သီးကိုလည်း တင်းနေအောင် ဆုပ်ထားသည်။
"သခင့်ကို နားလည်ပေးကြမှာပါ!"
ဒဏ်ရာရနေတဲ့ စစ်သည်တစ်ယောက်မှ ပကတိ သဘောထားကြီးစွာ ထပြောရှာသည်။
ဂျွန်က ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း သူ သိပါသည်ဆိုသလို ရယ်ကာ ထိုလူငယ့်ဆီ ထသွားလိုက်ပြီးနောက် ဒဏ်ရာကြောင့် မှီထိုင်နေရတဲ့သူ့ပခုံးကို ကိုင်လျက်
"သူတစ်ပါးရဲ့ သိတတ်မှုကို အခွင့်အရေးယူတာက မကောင်းဘူးလေကွာ.. ဟင်"
ထိုလူငယ်က သူ့ကို စိုက်ကြည့်ပြီး သူ့မျက်လုံးထဲမှာ လေးစားချစ်ခင်မှုတွေ ပိုတိုးနေသယောင်... ခပ်ရေးရေးပြုံးပြကာ
"ကျွန်တော် မှတ်ထားပါ့မယ်"
"ဟုတ်ပြီ"
မှောင်မည်းလာသော ပတ်ဝန်းကျင်တစ်ခွင် တိတ်ဆိတ်ခြောက်ကပ်လျက်ရှိသည်။
"ပင်ပန်းနေပြီမဟုတ်လား သခင်"
လေးရက်လောက်တိုက်ရမယ့် စစ်ကို ပထမနေ့တည်းက နှစ်ရက်စာ နှစ်ဆအရှိန်တင်ပြီး တိုက်သည့်သခင်က ဘယ်လောက် စိတ်ဆန္ဒပြင်းပြနေသလဲဆိုတာ ဂိုရိန်း သိပါသည်။
"လူ ပင်ပန်းတာထက် စိတ်ပင်ပန်းတာကပိုဆိုးပါတယ်"
ဝင်းနေတဲ့ လမင်းကြီးကို ငေးလို့ ဆိုလာတဲ့စကား ဆွေးဆွေးမြည့်မြည့်ရယ်..။
မျက်ရည်းစမ်းတဲ့ မျက်ဝန်းတွေကို စဉ်းစားမိတော့ ကိုယ့်နှလုံးသားတစ်ခုလုံး ယောက်ယတ်ခတ်ရချေပြီ။
ကိုယ့်အချစ် ငိုနေမလားတွေးမိရင် ကိုယ်.. ချက်ချင်းပြိုလဲပစ်လိုက်ချင်သလိုပဲ။
ကိုယ့်ရင်ထဲမယ် နွေဥတုလို ပူလောင်နေရတယ်။
**
လက်က ကြိုးတွေကိုတော့ ဖြုတ်ပေးသွားပါရဲ့
ဒါပေမယ့် ခြေချင်းဝတ်မှာ နေရာယူထားပြန်တဲ့ သံကြိုးတွေက ရှိနေဆဲ။

YOU ARE READING
Emerald Green
Fanfictionခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...