ထယ်ယောင်းရဲ့ လက်လေးကို ကိုင်ထားရင်း
သူနိုးအလာကို ဂျွန်စောင့်နေမိသည်။ဖြစ်ပျက်သွားတာတွေက အထိတ်ထိတ်အလန့်လန့်လေ...
ဒါကြောင့် အငိုများပြီး အားနည်းနေတဲ့ ထယ်ယောင်း ထပ်ပြီး မူးလဲသွားရှာတာ။
"အင်း...."
အသံသေးသေးလေးနဲ့ လှုပ်လှုပ်ရှားရှားဖြစ်လာသည့် ထယ်ယောင်းကြောင့် သူ့လက်လေးကို ပိုတင်းအောင် ကိုင်ပေးထားလိုက်သည်။
အထိအတွေ့ကို သိဟန်တူသော ထယ်ယောင်း၏မျက်ခွံများက တဖြည်းဖြည်းချင်း လှုပ်ခတ်လာလေပြီ။
"ဂျွန်?"
"အင်း ကိုယ်ပါ"
"ကျွန်တော် အိပ်ပျော်သွားတာလားဟင်"
"ထပ်ပြီးလဲကျသွားတာ မင်း တအားကို အားနည်းနေတယ် နှစ်ခါတောင် လဲကျတာဆိုတော့"
ထယ်ယောင်းရဲ့မျက်လုံးအောက်နားလေးတွေ အနည်းငယ်ညိုချင်ချင်ဖြစ်နေသည်။ သွယ်လျလျ ပါးလေးက ပိန်ကျသွားရှာသည်။
ပါးလေးတွေကို ခပ်ဖွဖွပွတ်သပ်ပေးလိုက်ရင်း ဂျွန်က...
"နေရတာဘယ်လိုလဲ"
"ဂျွန် ကျွန်တော်လေ အရမ်းကြောက်နေခဲ့တာ..."
"ဟာ... ထယ်ရယ် မဟုတ်တာတွေမတွေးစမ်းပါနဲ့ ပြီးသွားပြီး အာလုံးအဆင်ပြေသွားပါပြီ နော် ကြားလား"
"အင်း.... ဒါပေမယ့်"
"တော်ပြီလေ!"
ထယ်ယောင်းရဲ့ ဘေးမှာ ဝင်အိပ်လိုက်သည့် ဂျွန်...
တစ်ခါတည်း ထယ်ယောင်းကို ထွေးဖက်ထားပြီး
ချောမွတ်နေတဲ့ ထယ်ယောင်းရဲ့ ပါးပြင်လေးတစ်လျှောက်ရော နားနောက်လေးတွေရော ထိတွေ့ပေးနေမိတော့သည်။
"ပင်ပန်းစေမယ့်အရာတွေကို မတွေးနဲ့ ... ပိုတွေးလေ ပိုလေးလံလေပဲ ကိုယ်တို့မေ့ဖျောက်ပစ်လိုက်ရအောင်"
ခေါင်းညိတ်ကာ ဂျွန့်စကားတွေကို နားထောင်မိသည့်အလျောက် ဂျွန့်ရင်ခွင်ထဲလည်း ပို၍ တိုးဝင်မိသည်။
နေမကောင်းတဲ့အချိန်မှာ လိုအပ်နေတာက သမားတော်စပ်ပေးမယ့် အကောင်းဆုံး အားဆေးတွေမဟုတ်
VOUS LISEZ
Emerald Green
Fanfictionခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...