ရွာထဲကနေဖြတ်ပြီး စိုက်ခင်းများသို့ သွားရမည်။
ရွာထဲကို အရင်ရောက်သည်။အမျိုးစုံသော လူများ သွားလာလှုပ်ရှားနေကြပြီး
ရွာလမ်းလမ်းများက အသက်ဝင်နေသည်။ရွာကိုဖြတ်ပြီး၍ စိုက်ခင်းများဆီ ရောက်လာသည်။
ဝါဖျော့ဖျော့နေရောင်ခြည်ဖြာကျနေသော စိမ်းစိုစိုစိုက်ခင်းများ မျက်စိတဆုံး မြင်တွေ့လိုက်ရသည်။
စိုက်ခင်း တစ်ခုနှင့်တစ်ခုကြားတွင် လူသွားလမ်းတစ်ခုဆီဖောက်ထား၍ မြင်းတစ်ကောင်စာ ကောင်းကောင်းသွားနိုင်၏။မြင်းသုံးကောင်ကို ခဏရပ်ထားလျက်...
"ဂိုရိန်း မြားတွေလုံလောက်လား"
"လုံလောက်ပါတယ်"
"အချိန်ဆွဲမနေနဲ့တော့ ငါတို့စလှုပ်ရှားလိုက်ရအောင်"
ထယ်ယောင်းက
"နေပါဦး ဂျွန် ... ကျွန်တော်နဲ့ဂျွန်ပဲ ကစားကြမလား"
"ကစားမယ်... ?"
"ဂိုရိန်းမပါဘဲနဲ့ ကျွန်တော်တို့နှစ်ယောက်ပဲ တောဝက်တွေကိုရှင်းမယ် ဘယ်သူအကောင်ရေအများဆုံးပစ်နိုင်လဲဆိုတာ ပြိုင်ကြမလား ဒီတိုင်းဆိုပျင်းစရာကောင်းတယ်လေ"
ဂျွန်က စကားပြန်မလာ။ ထယ်ယောင်းကို စိတ်ပူလို့ဆိုတာ ထယ်ယောင်းသိနေ၍
"ရှုံးမှာကြောက်နေတာလား ဂျွန် !"
ထယ်ယောင်းက ခပ်ကျောကျောပြောသည့်အခါ ဂျွန်က သူ့ကို မထိတထိကြည့်လာသည်။
"ဘယ်လိုလဲ သခင်ဂျွန်က ကစားပွဲကိုလက်ခံလား"
ရယ်ရွှင်ရွှင် ထယ်ယောင်းရဲ့အသံ"ကောင်းပြီ စမယ်၊ ဒါပေမယ့် ဂိုရိန်းက !"
"ဂိုရိန်းက သခင်ဂျွန်ရဲ့လူမလို့ သခင်ဂျွန်နဲ့ပဲ တစ်လမ်းထဲသွားပါ"
"ထယ်ယောင်း !"
"မလိုဘူးလေ သခင်ဂျွန်ရဲ့ ကိုယ့်လူကိုယ်ပဲယူပါ"
ထယ်ယောင်းက ပြုံးယောင်သန်းကာ တည်တည်ငြိမ်ငြိမ် ပြောလာသည်။ ထယ်ယောင်း၏ ထိုပုံစံမှာ ဆွဲဆောင်မှုအပြည့်။ စိမ်းမြသောမျက်လုံးများသည် ရဲရင့်သော ကျားငယ်လေးတစ်ကောင်လို မာန်ပါ၏။
YOU ARE READING
Emerald Green
Fanfictionခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...