"အရှင် အရှင်""ဘာလဲ ဒိုယန်း"
"သေနာပတိချုပ်က ဆာရန်းကို စစ်နိုင်သွားပါပြီတဲ့"
ဘုရင်သည် သေရည်ခွက်ကို မော့သောက်ရင်း ဟက်ခနဲ တစ်ချက်ရယ်သည်။
"ဒါဖြင့် ပြန်လာတော့မှာပေါ့"
"ဟုတ်တယ် အရှင် သူတို့ပြန်လာနေတာ၊ သွားလမ်းအတိုင်း လေးပုံတစ်ပုံရောက်လာပါပြီ"
ဘုရင်က ဘေးနားတွင်ရှိသော စာရွက်နှင့် မှင်တံကိုယူကာ စာရေးပြီး လိပ်လိုက်၏။ ဒိုယန်းရဲ့ လက်ထဲသို့ ထည့်ပေးပြီး
"အမြန်ဆုံး မြင်းသည်တော်ကို ပို့ခိုင်းလိုက်တော့"
"ကောင်းပါပြီ"
ဒိုယန်းသည် စာလိပ်ကို သေချာယူကာ အရှင်ခိုင်းသည့်အတိုင်း တစ်ချက်မျှ မလွဲစေရန် လေးနက်စွာ နှလုံးသွင်းရင်း မြင်းသည်တော်တို့ ရှိရာသို့ ဦးတည်၍သွားလေတော့သည်။
"ဂျွန် ဂျောင် ဂု ... သေနေစေ့ရင်တော့ သေခဲ့ပေတော့ ဟားဟား"
"အပြင်ဘက်မှာ ဘယ်သူရှိလဲ"
လှစ်ခနဲရောက်လာသော တံခါးအပြင်ကလူရိပ်တစ်ခု။
"ကင်မ်ထယ်ယောင်းကို ခေါ်ခဲ့စမ်း"
**
ထယ်ယောင်း ရင်ထဲမယ်ခဲတစ်လုံးဆွဲထားသလိုလေးလံ၍နေသည်။ ဂျွန့်ကို စိတ်ပူလွန်းကာ ညညတွေဆို ထယ်ယောင်း အိပ်လို့ မပျော်။ အိပ်ရေးပျက်သည့်ဒဏ်ကြောင့် ရင်ထဲ တလှပ်လှပ်နှင့် နွမ်းနယ်နေသည်။
လူသားတွေက နေမင်းကြီးမရှိရင် အသက်မရှင်နိုင်သလို ထယ်ယောင်းကလည်း ဂျွန် မရှိရင် မတောက်ပနိုင်။ ဒါကြောင့် ဂျွန်သာ တစ်ခုခုဖြစ်ရင် သူလည်း ပျောက်ကွယ်သွားမှာလို့ ထယ်ယောင်း ပြောခဲ့တာလေ။
"ထယ်ယောင်းနေမကောင်းဘူးထင်တယ်၊ဆယ်ရာဘာလုပ်ပေးရမလဲ"
"ဆယ်ရာ မလုပ်ပေးနိုင်ပါဘူး ... ငါ့စိတ်ထဲမှာ တအားကိုလေးလံနေပြီး ဂျွန့်အတွက် စိုးရိမ်နေတာ"
"ဟင်း ... ဆယ်ရာ မစာနာလို့ ပြောတာမဟုတ်ဘူးနော် အစ်ကိုဂျောင်ဂုက ဆယ်ရာ့အစ်ကိုပါ ဆယ်ရာလည်းစိတ်ပူတာပဲ ဒါပေမယ့် ထယ်ယောင်းရယ် ကိုယ့်ကို စိတ်ဖိစီးလောက်တဲ့အထိတော့ စိတ်မပူလွန်းပါနဲ့"
أنت تقرأ
Emerald Green
أدب الهواةခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...