ငါးရက်မြောက်နေ့။သူ့ဒဏ်ရာက အရှင်းမပျောက်သေးသော်လည်း သက်သာနေပြီ။
သို့သော် လွန်ခဲ့သည့် နှစ်ရက်လောက်ကတည်းကပင် မြစိမ်းရောင်လေးက သူ့ကို ရှောင်နေသည်။
ထမင်း လာပို့သည့်အခါ၊ ဆေးလာထည့်ပေးသည့်အခါမှ လွဲ၍ ကျန်အချိန်များတွင် သူ့အရိပ်ကိုပင် မမြင်ရပါ။ စကားပြောလျှင်လည်း ခေါင်းညိတ်ခေါင်းခါရုံမှတစ်ပါး မထုံတက်သေး လေးတွဲ့ပေကတ်လျက် အေးတိအေးစက်သာ ပြုမူဆက်ဆံသည်။
ယခုလည်း နေ့လည်စာအတွက် စားသောက်စရာများ လာပို့ပေး၍ ပြန်သွားချေပြီ။ နေ့လည်စာသည် အရသာမရှိသလို။ တစ်ခုခု လိုနေသည်မှာ ဂရုတစိုက်ဘေးနားထိုင်ပြီး အဖော်ပြုပေးမည့် မြစိမ်းရောင်လေးပင် ဖြစ်၏။ စားသောက်နေရသည်မှာ မမြိန်ရှက်လှ။
ပျင်းခြောက်ခြောက်ကြီး ဖြတ်သန်းနေရသည်မှာ အတော်ပင် ဆိုးသည်။ စားချင်စိတ်ကုန်သွားသဖြင့် ထထွက်လာခဲ့လိုက်သည်။
တောက ဘယ်လောက် နက်သည်ဆိုဆို စည်းတစ်ခုတော့ ရှိလိမ့်မည်။ မြစိမ်းရောင်လေးသည် ထိုသတ်မှတ်ထားသည့် နေရာကို ကျော်လွန်၍ သွားနိုင်ချေမရှိပါ။ သူ တပ်အပ်ပြောနိုင်၏။ သည်နေရာနှင့် မနီးမဝေးတောထဲ တစ်နေရာတွင်သာ ဖြစ်နိုင်သည်။
ခန်းမှန်ခြေက မှန်ကြောင်းကို သူ နေသည့်နေရာနှင့် ခပ်လှမ်းလှမ်း အရောက်တွင် ဖောက်ထားသော မြေလမ်းလေးက သက်သေပြနေသည်။ အဲ့ဒီ့လမ်းအတိုင်း သူလျှောက်လာခဲ့လိုက်၏။
နေ့လည်ခင်းဖြစ်သဖြင့် တောက မှောင်မနေသော်လည်း အရိပ်ကျနေသည်။ သစ်ရွက်များ၏အရောင်သည် နေရောင်တောက်တောက်ကြောင့် အစိမ်းရောင် လင်းလင်းဖြစ်နေ၏။ ပြောရလျှင် နေတစ်စက်မှမပူဘဲ လင်းရိပ်ကျနေခြင်း။
ရာသီဉတုက သာသာယာယာ။ တိတ်ဆိတ်ငြိမ်အေးနေသော တောကြီးကြောင့် သစ်ရွက်လှုပ်သံပင် ကြားနိုင်သည်။ လေပြည်က မျက်နှာကို ကျီစယ်သွားတိုင်း သစ်ရွက်များထိတွေ့လှုပ်ခတ်သံ ချိုလွင်လွင်ကိုပါ တစ်ပါတည်း ကြားရ၏။
လျှောက်လာရင်း အနောက်တောင်ဘက်မှ ပြေးလွှားနေသည့်အသံကို ကြားရလိုက်၊ ငြိမ်သက်သွားလိုက်နှင့် တစ်ယောက်ယောက် ရှိနေဟန်တူသည်။
မြစိမ်းရောင်လေးလား .. ။

KAMU SEDANG MEMBACA
Emerald Green
Fiksi Penggemarခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...