ထယ်ယောင်းရဲ့ လက်ကို လာဆုပ်ကိုင်သည့် လက်တစ်စုံ။
"ဂျွန်"
"..."
"ဂျွန်... ဂျွန့် ဟော ဘာလို့ တအားကြည့်နေတာလဲ"
ထယ်ယောင်းကိုသာ ကြည့်မြဲကြည့်နေဆဲ ဂျွန်
"ဟုတ်ပါ့နော်.. အစ်ကိုဂျွန်က လူကြားထဲမှာဆိုတာလည်းသတိရပါဦး"
ဆယ်ရာ ပြောကာမှ ထယ်ယောင်းမျက်နှာ ပူလာရတာကြောင့်
"ဂျွန် ဘယ်လိုဖြစ်နေတာလဲ"
"မင်းပဲ ပြောခဲ့တာလေ ဟင်"
မျက်ခုံးတစ်ဖက်ပင့်ပြရင်း ဆိုလာသည့် ဂျွန်ကြောင့် သူ ရယ်မိတော့သည်။
"အဲ့ဒါက အဲ့ဒါပေါ့ ဒါပေမယ့် ဒီလိုသာဆို အကုန်ဝင်တိုက်ကုန်မှာပဲ"
ရယ်သံနှော၍ ပြောသည့်ထယ်ယောင်းအား ပွဲစျေးထဲမှ မိန်းမငယ်လေးတချို့သာမက လူရွယ်ကောင်လေးတချို့ကပါ ကြည့်နေကြသည်။
"မရယ်နဲ့!"
အေးစက်စက် မာန်ပါတဲ့ ဂျွန့်ရဲ့အသံကြောင့် ထယ်ယောင်း ပို ရယ်မိသည်။
"ဟော် ဟော် ကျွန်တော် မပြောခဲ့ဘူးလား ကြည့်ကြမှာပါလို့.. ခစ်ခစ်"
"ထယ်ယောင်း! လာ လာကွာ သွားမယ်"
သူ့လက်ကို အတင်းဆွဲကာ ခေါ်သွားသည့်ဂျွန်..။
**
"လွှတ်ပါဦး ဂျွန်ရဲ့.. ပွဲစျေးနောက်ဆုံးထိရောက်နေပြီ"
ဒီတော့မှ လက်ကို လွှတ်ပေးသည့်ဂျွန်။
မျက်နှာကတော့ သုန်မှုန်နေတာ။"အိုး... ကြည့်ပါဦး ဒီလောက်တောင် သဝန်တိုရလား"
"အရေးမလုပ်ဘူးပေါ့ ရတယ်လေ ဟိုးမှာ ဟိုးမှာ သွားနေကြတဲ့ လူတွေထဲက တစ်ယောက်ကို အဖော်ခေါ်ပြီး သွားလိုက်မယ်"
မြောက်ကြွမြောက်ကြွပြောပြီး ထွက်သွားတဲ့ ထယ်ယောင်းက ဂျွန်နဲ့ ခပ်ဝေးဝေးရောက်သည်အထိ တကယ် သွားသည်။
ဂျွန်က လိုက်မတားတာကြောင့် သူပဲ လက်မြှောက်လိုက်ရပါတော့၏။
ကိုယ့်ဆီကို ပြန်လာနေတဲ့ ထယ်ယောင်း
လက်မောင်းကို လက်နှစ်ဖက်နဲ့ဖက်တွယ်ထားပြီး
