21.

1.3K 120 4
                                    



မြို့ထဲကို ခိုးဝင်မယ်... ပြီးရင် လုပ်ကြံမယ်

မြို့ထဲဝင်မယ့် ကုန်သည်လှည်းပေါ်ကလူတွေကို ကျွန်တော်တို့ လူအင်အားငါးယောက်လောက်နဲ့ဖယ်ရှားပစ်လိုက်ပြီး အဲ့ဒီလူတွေရဲ့နေရာမှာ စစ်သည်တွေ အစားထိုးလိုက်သည်။

ရုပ်ဖျက်ပြီးတော့ ဂျွန်က လှည်းမောင်းသမား
ကျွန်တော်ရယ် ကျန်တဲ့စစ်သည်တွေရယ်က ကုန်သည်တွေအဖြစ်... မြို့ထဲကို ရောက်ခဲ့ပြီ

ကြားထားတဲ့ သတင်းတွေအတိုင်းဆို ဒီနေ့ညက ပွဲတော်ည... တိုင်းတစ်ပါးကထူးခြားတဲ့ ကချေသည်တစ်ယောက် တောင်ဘက်ပြည် ဘုရင်ကို ဖျော်ဖြေမှာ...

ဒါပေမယ့် သူမ နန်းတော်ထဲ မရောက်သေးဘဲ လမ်းမှာပဲ ရှိသေးတာ... အခွင့်အရေးကြီးတစ်ခုလုံးကို ဖမ်းမိလိုက်တာပဲ ကံတရားက ကျွန်တော်တို့ဘက်မှာ...

မနက်ဖြန် စစ်တိုက်ရမှာကို ပေါ့လျော့နေပြီး ပွဲတော်ကျင်းပတဲ့ ခင်ဗျားတို့ရဲ့ ကံတရားကတော့ ရှုံးနိမ့်မှုကို ချီးမြှင့်ပေးမယ်ထင်တယ်....

အခု အရေးကြီးဆုံးကို လုပ်ရတော့မယ်

သူမကို လိုက်ရှာမယ်... ပြီးရင် သူ့နေရာမှာ ကျွန်တော်က အစားဝင်မယ်။

ဝေါယာဉ်ထမ်းလာတဲ့ လူတွေက ဘုရင့်နန်းတော်မရောက်ခင်မှာပဲ တိုက်ခိုက်ခံလိုက်ရသည်။

လျင်မြန်လွန်းတဲ့ တိုက်ကွက်တွေကြောင့် အချိန်က မျက်တောင်တစ်ခါခတ်လောက်ပဲ ကြာတယ်...

ပါးလွှလွှ လိုက်ကာကို ဖယ်လိုက်တော့
ရုပ်ရည်ချောမောပြစ်လွန်းတဲ့ မိန်းကလေးက ကြောက်လန့်နေပုံပဲ

ဘယ်လိုပဲဖြစ်ဖြစ် ဂရုစိုက်နေချိန်မရှိတာမို့ သူမကို ဖမ်းချုပ်လိုက်ပြီး အဝတ်အစားချင်းလဲလှယ်လိုက်တယ် မတင်မကျဖြစ်နေပေမယ့် အထပ်ထပ်ဝတ်ဆင်ပြီးသွားတော့ နေလို့အဆင်ပြေသလို ကြည့်ရလည်းဆိုးမနေခဲ့ဘူး တော်ပါသေးရဲ့... နေရာမှာအစားဝင်ထိုင်ပြီး ဝေါယာဉ်ကို ဂျွန်နဲ့ စစ်သည်သုံးယောက်က ပုံစံမပျက်ထမ်းလိုက်ပြီး နန်းတော်ဆီ ချဉ်းကပ်လိုက်တော့သည်။

အစီစဉ်ရဲ့ လေးပုံ သုံးပုံက လုံးဝ အောင်မြင်ခဲ့ပြီ....

နန်းတော်ဆီ ရောက်ပြီး ကြိုဆိုနေတဲ့လူတွေကို တွေ့လိုက်ရတယ် ကချေသည်က အဲ့ဒီလောက်အရေးကြီးတာလားလို့တောင် တွေးနေမိတော့တာ

Emerald GreenHikayelerin yaşadığı yer. Şimdi keşfedin