တောင်ဘက်ပြည်က ပြန်လာသည့် လမ်းတွင်
ဂျွန်ရယ် ထယ်ယောင်းရယ် ဂိုရိန်းရယ်သာ...ကျန်တဲ့စစ်သည် တစ်ဝက်ကို ပြန်နှင့်စေလိုက်ပြီး
တစ်ဝက်ကို နယ်မြေအပိုင်သိမ်းပြီးကြောင်း ထားခဲ့သည်။အခုက တောလမ်းတစ်ခုကို ဖြတ်နေရသည်။
"ထယ်ယောင်း"
"အင်း.."
မြင်းတစ်ကောင်တည်း အတူစီးနေကြတာကြောင့်
အရှေ့က ထယ်ယောင်းက မော့ကြည့်လာရင်း ဖြေသည်။ဂျွန်က ဘာစကားမှ ဆက်မပြောသေးဘဲ ထယ်ယောင်းကိုသာ ကြည့်နေတာ
နွေရာသီ ညနေခင်းရဲ့ လတ်ဆတ်သော လေများ ကြားဝင်လာသည်။ ကလူ၏မြှူ၏ရှိသော လေများက သူတို့နှစ်ယောက်ရဲ့ ဆံပင်တွေကို ကျီစယ်သွားပြန်သည်။
မျက်မှောင်တွေ စုကြုတ်သွားသည့်ဂျွန်က ကြားဝင်တဲ့လေတွေကိုပင် သဝန်တိုရော့ထင်...
သူ သမင်လည်ပြန်အတိုင်း မော့ကြည့်နေရင်း ဂျွန့်နှုတ်ခမ်းများဆီ တဖြည်းဖြည်း တိုးကပ်သွားမိတော့တာ။
မျက်လုံးတွေ မှိတ်ထားလျက် နမ်းနေကြတဲ့ သခင်လေးနဲ့ သခင့်ကိုမြင်လိုက်ရကာ ပျာယာခတ်သွားသည်က ဂိုရိန်း...
မြင်းပေါ်မှာဆိုတာရော သိကြသေးရဲ့လား...
ဂိုရိန်း လှမ်းပြောမလို့ပြင်မိပေမယ့် နောက်ကျသွားခဲ့ပြီ
ထိန်းသူမယ့်နေတဲ့ မြင်းက ရှေ့ခြေနှစ်ဖက်ကို မြောက်လျက် ဟီလိုက်တာကြောင့် မြေပေါ်ကို လူးလိမ့်ကျသွားတဲ့ သူတို့...
သို့သော် ထယ်ယောင်းကို တင်းနေအောင်ဖက်ထားပေးသည့်ဂျွန်... ထယ်ယောင်းကတော့ ဂျွန့်ရင်ဘတ်ပေါ်မှာ...
ဂိုရိန်း မြင်းပေါ်မှ ခုန်းဆင်းကာ သွားထူမလို့ပေမယ့်
အနမ်းတွေကို မပြတ်စေဘဲ အပီအပြင်ထပ်နမ်းနေကြသည့် သူတို့နှစ်ယောက်ကြောင့်
မြင်းဇတ်ကြိုး နှစ်ခုကို ဆွဲကာထိန်းရင်း မျက်နှာလွှဲလိုက်ရပြန်သည်။
မြင်းပေါ်က ပြုတ်ကျတာတောင် မနာကြဘူးလား..
ခေါင်းကို စောင်းကာ ဦးဆောင်နမ်းနေသူက ထယ်ယောင်း... သူ့အနမ်းတွေကို အမီလိုက်သူက ဂျွန်
KAMU SEDANG MEMBACA
Emerald Green
Fiksi Penggemarခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...