မှန်ရှေ့မှာ ရပ်နေသည့် ထယ်ယောင်းရဲ့ခေါင်းပေါ် ရောက်လာတဲ့ ပန်းကုံးအပြာလေး.."မင်းနဲ့လိုက်တယ်"
အညိုရောင်ကျစ်ကြိုးလေးထက် အစီအရီကျစ်ထားသည့် ပန်းပွင့်ပြာလေးတွေက ထယ်ယောင်းရဲ့ခေါင်းထက်မှာ တင့်တင့်တယ်တယ်
အညိုရောင်ကြိုးလေးဖြစ်တာကြောင့် ဆံပင်တွေနှင့် ရောသွားသည့် ကြိုးလေးက မမြင်ရတော့ဘဲ ပန်းအပြာလေးတွေသာ ညီညီညာညာမြင်နေရတာက
သရဖူကို ဆောင်းထားသလို..ဟုတ်တယ် ဂျွန်ကိုယ်တိုင် ဖန်တီပေးတဲ့ သရဖူလေး
ပြီးတော့ ဝတ်ဆင်ထားတာက အနီရောင်ပေါ်မှာ လင်းလက်နေတဲ့ ရွှေရောင်ဘော်ကြယ်တွေပါတဲ့ ရိုးရာဝတ်စုံ...
ထယ်ယောင်းရဲ့ ရွှေရောင်ဖျော့ဖျော့အသားရေလေးက တောက်ပနေတဲ့ အရောင်တွေကြားမှာလည်း ပနံသင့်နေပြန်သည်။
ကြည်လဲ့နေတဲ့ မြစိမ်းရောင်မျက်ဝန်းတစ်စုံကိုပါ ပေါင်းထည့်ပြီး ကြည့်လိုက်တဲ့အခါမှာတော့ ပိုပြီး ပြည့်စုံသွားတော့ပြီ..။
မှင်သေသေဖြင့် စိုက်ကြည့်နေသည့် ဂျွန်က
"ဒီလာခဲ့"
"ကြည့်ကောင်းလား"
"အဲ့ထက်ပိုတယ်"
ထယ်ယောင်း သဘောကျစွာရယ်ရင်း ဂျွန့်အနားမှာထိုင်သည်။
"မင်းရဲ့လက်ပေး.."
ဂျွန်ရဲ့ ကမ်းထားတဲ့လက်ပေါ် ထယ်ယောင်းကသူ့လက်လေးကို တင်ပေးလိုက်သည်။
ကညစ်တံကိုင်ထားတဲ့ ဂျွန်က သူ့လက်ဖမိုးကို တစ်ချက်နမ်းပြီး
"ငြိမ်ငြိမ်နေ.."
ကညစ်တံလေးနဲ့ မင်ခွက်ထဲ မင်ရည်တွေကို တို့ယူလိုက်ပြီးနောက် ထယ်ယောင်းရဲ့ လက်ပေါ်မှာ ပုံစဆွဲသည့် ဂျွန်
"ဂျွန်.. ?"
နားမလည်သလိုပြောလိုက်တဲ့ ထယ်ယောင်းကြောင့်
"မနေ့ညက မပြောခဲ့ဘူးလား မင်းအတွက် မင်အရောင်စပ်နေတယ်လို့ ဒီလိုမျိုးဆွဲဖို့လေ"
"ဘယ်သူ့ကို ဆွဲပေးဖူးလဲ"
ဂျွန် တစ်ချက် မော့ကြည့်ပြီး
![](https://img.wattpad.com/cover/287097938-288-k753471.jpg)
ESTÁS LEYENDO
Emerald Green
Fanficခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...