ချုံနွယ်စိမ်းများ ပိတ်ပေါင်းထူထပ်နေသည့်
သစ်တောစိမ်းကြီးတစ်ခု။တောနက်၏ အလယ်ကျကျနေရာတွင် သစ်ပင်ကြီးများ ပို၍ ပေါသည်။ ကွေ့ကောက်နေသော သစ်ပင်ကြီးများ၊ ဒေါင်လိုက် ထောင်တန်းနေသော သစ်ပင်ကြီးများ၏ အောက်ပိုင်းမှ ဘေးဘက်သို့ ထိုးထွက်လိမ်ကောက်သွားပြီး တစ်ဖန်အပေါ်သို့ ပြန်တက်နေဟန် သစ်ပင်ကြီးများနှင့် သစ်ကိုင်းများမှ နွယ်စိမ်းတန်းများ တွဲလီတွဲလောင်း ခိုကျနေသည်။
ထို အပင်ကြီးများကြားတွင် လူ့တစ်ရပ်စာလောက်ရှည်သော မြက်ကြမ်းရှည်ကြီးများ ရှိသည်။
နောက် မြင့်မားသော သစ်ပင်ကြီးများကြားပြေးလွှားနေသော ဖြူလွလွ ပုံရိပ်လေးတစ်ခု။ လှစ်ခနဲ ပျောက်သွားလိုက်၊ ပြန်ပေါ်လာလိုက်ဖြင့် ပုံရိပ်လေးသည် မြန်ဆန်စွာ ရွေ့လျားနေ၏။
ပုံရိပ်လေးသည် သစ်ပင်ကြီးတစ်ပင်ကို ပြေးကပ်လိုက်၊ သတိဖြင့် ရှေ့ကို လှမ်းကြည့်ကာ တစ်ဖန်ပြေးလွှားလိုက်နှင့် တောကောင်လိုက်ဖမ်းနေခြင်း ဖြစ်သည်။
အကွေ့အကောက်များသော သစ်ပင်တွေပေါ် ပြေးတတ်လိုက်ပြီး ပုံရိပ်လေးက ငြိမ်နေပြန်သည်။
ထို့နောက် မြက်ကြမ်းအပင်စုတွေကြားမှအသံကြောင့် နားလျင်စွာ အောက်ကို ပြန်ဆင်းလာသည့် ထိုပုံရိပ်လေး။
လေးဖက်ပိတ်ထားသော အပင်တွေကြားမှ သူသည် မျက်ဆံကို ဝေ့၍ ပတ်ဝန်းကျင်ကို ဝိုက်ကြည့်နေ၏။ ခန္ဓာကိုယ်ကို စက်ဝိုင်းသဏ္ဍာန် လှည့်နေရင်း လွယ်ထားသည့် မြားကျည်တောက်ထဲမှ မြားတံတစ်ခုကို နှုတ်သည်။ ခြေသံလုံစွာ ဝေ့ဝိုက်နေရင်းပင် လက်ထဲကိုင်ထားသော လေးညှို့တွင် မြားကိုတေ့ထားလိုက်၏။
အသံကြားသည့် တောင်ဘက်စူးစူးအရပ်သို့ ချိန်ထားပြီး မြားကို လွတ်တော့မည့်အချိန်တွင် လှုပ်ခတ်သွားသော ချုံ၏ အနောက်ဘက်နေရာကြောင့် မြားဦးက ဖျတ်ခနဲ ပြောင်းသွားပြီး ဆွဲထားသောလေးညှို့၏ ကန်အားဖြင့် အဖျားချွန်ထက်လှသည့်မြားကို အနောက်ဘက်သို့ ချက်ချင်း ပစ်လွှတ်လိုက်သည်။
YOU ARE READING
Emerald Green
Fanfictionခင်ဗျားကသာ ကျွန်တော့်ရဲ့ ကံတရားဖြစ်ပြီး လောကကြီးကို ကျောခိုင်းလို့ရယ် အရာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်...