Part 4

1.2K 48 1
                                    

(Unicode)

ဒေါင်း ကောင်လေးရဲ့ ဆံပင်ကို ပွလိုက်ပြီး အခန်းကနေ ထွက်ပြီးနောက် အခန်းပြင်မှာ ဒေါက်တာနဲ့ အန်တီခိုင်နွဲ့ကိုတွေ့လိုက်ရသည် 

"အောက်ဆင်းရအောင်"

ဒေါင်း အန်တီခိုင်နွဲ့တို့ကို တိုးတိုးလေး ပြောလိုက်ပြီး အောက်ထပ် ဆင်းလာခဲ့ကြသည်။  အောက်ထပ် ရောက်လေတော့ အန်တီခိုင်က ဒေါင်း ရဲ့ လက်ကို မြင်၍

" သားဒေါင်း လက်မှာ သွေးတွေ"

​အန်တီခိုင်နွဲ့ လန့်ကားပြောရင်း ဆရာလဲ

"ဘယ်မှာလဲ ဒေါင်း ပြ"
ဒေါင်း အကုန်စိုးရိမ်နေမှာ ဆိုးတာကြောင့်

"ရတယ် ကျွန်တော် ဘာမဖြစ်ဘူး
​ဆရာ ကျွန်တော်ကို ဆေးထည့်ပေးဖို့ ကူညီပါလား"

"အေးအေး ကောင်းပြီး လာ ဧည့်ခန်းထဲ"

ဒေါင်း အန်တီခိုင်နွဲ့ ဘက်လှည့်၍

"အန်တီ လရောင်ငယ် ဗိုက်ဆာနေတယ်
သူစားဖို့ တစ်ခုခုလုပ်ပေးအုံး"

​"သား...သားငယ်က ???ဒါဆို အန်တီ တစ်ခုခုသွားလုပ်ပေးမယ်"

"ဟုတ်"
အန်တီခိုင်နွဲ့လဲ ကောင်လေး အတွက် ပြင်ဆင်ပေးဖို့
အမြန်သွားပြင်ဆင်လေ၏

ပြီးနောက် ဆရာက

"ဒေါင်း ဘယ်လိုလဲ အဆင်ပြေရဲ့လား"

ဒေါင်း ဆရာ့ကို ခေါင်းညိတ် ပြုံးပြလိုက်ပြီး

" စိတ်မပူပါနဲ့ သူပြန်ကောင်းဖို့ အချိန်အများကြီး
ဖြုန်းစရာမလိုပါဘူး"

"တော်ပါသေးတယ် ဒေါင်းရယ်"

ဆရာက ဒေါင်းလက်ကို ပတ်တီးစီးပေးရင်းစကားဆိုနေကြသည် ။ ပတ်တီးစီးနေတာ ပြီးသွားသည့်နောက်
ဒေါင်း လက်ဆွဲအိတ်ယူကား အထဲမှာရှိတဲ့ ဆေးကို
ကောင်လေး သောက်ဖို့ ဆပ်နေတုန်း အန်တီခိုင်နွဲ့ က

"သားဒေါင်း ဒီမှာ သားငယ် ကြိုက်တဲ့ ကြည့်သားဆန်ပြုတ်လုပ်ပေးထားတယ်"

"ဟုတ်အန်တီ ခနချပေးပါကျွန်တော် မပြီးသေးလို့ဗျ"
"အေးအေး"

"ဒါနဲ့ အန်တီ လရောင်ငယ်ကို ဆေးထည့်ပေးဖို့ ဆေးသေတ္တာရော"

 Redress Where stories live. Discover now