Part 13

756 34 3
                                    

(Unicode)

စည်သူ ဝိုင်းလေးသောက်ပြီးဧည့်ခန်းမှာသာယာ
နေတုန်း အတွင်းရေးမှုုးဆီကဖုန်းဝင်လာတာကြောင့် ခပ်မြန်မြန်ပင်ကောက်ကိုင် လိုက်ကာ

" Hello Boss "

"အေး သိရပြီးလား"

စည်သူက အတွင်းရေးမှူးကို လွန်ခဲ့တဲ့အပတ်ကတည်းက လရောင်ငယ် လှုပ်ရှားမူ့တွေကို လိုက် စုံစမ်းခိုင်းထားသည်။

"သိရပါပြီ Boss
ကျွန်တော် တက္ကသိုလ်ဖွင့်ပြီးဒုတိယအပတ်မှာ စပြီးစုံစမ်းထားပါတယ် Boss
ကျောင်းတက်ချိန် ၁ပတ်လုံးလုံး လရောင်ငယ် ကျောင်းတက်ပါတယ် Boss "

"ဘာကွာ!!!"

စည်သူ တော်တော်ဒေါသထွက်နေခဲ့သည်။
အမှန်တကယ်ဆို ဒီကောင် ကျောင်းဘက်ကိုတောင် ခြေဦးမလှည့်နိုင်လောက်အောင် လုပ်ထားရက်သာနဲ့ ။
ဒီကောင် တော်တော် အသည်းမာပါလား။

" ဟုတ်ပါတယ် Boss
နေ့တိုင်းကျောင်းလာတယ် ၊အတန်းချိန်ပြီး ကျောင်းကန်တင်းတို့ ဘာတို့ မထိုင်တော့ဘူး Boss"

ခွမ်း..!!!!

စည်သူ ဒေါသထွက်ကာ ဝိုင်းခွက်ကို ပစ်ပေါက်လိုက် ခြင်းဖြစ်၏။ဒီကောင့်ကို အကျင့်ဖြစ်အောင်ဆိုပြီး
နေတိုင်းလေ့ကျင့်ပေးခဲ့တာ အနှစ်နှစ်အလလ အခုတော့ကွာ....။

"ဆက်ပြော !!!!"

"ဟုတ် Boss
ကျောင်းကြိုပို့ကိုတော့ ဦးဒေါင်းခန့်ရှိန်ကပဲ ကြိုပို့လုပ် ပေးပါတယ် Boss "

ဒေါင်းခန့်ရှိန်လို့ ကြားလိုက်ပြန်တော့ ဒေါသကငယ်ထိပ်ကို ဆောင့်တက်နေပါပြီ။
ဒီအဘိုးကြီး သူ့လမ်းကိုဝင်ဝင်ရှုပ်နေတာ နည်းနည်းတော့ များသွားပြီ။ ထိလို့မရဘူးလို့ အဖေသာ သတိမပေးထားရင် ဒီအဘိုးကြီး သူ့လက်နဲ့ သေနေပြီ။

" အဲ့ ဒေါင်းခန့်ရှိန်ဆိုတဲ့လူအကြောင်းငါသိချင်တယ်"

"ကျွန်တော် စုံးစမ်းပြီးသားပါ Boss
သူက ကျွန်တော် စုံးစမ်းရသလောတော့
စိတ်ကျန်းမာရေးအထူးကုဆရာဝန်ပါ Boss
လရောင်ငယ်နဲ့လဲ အမြဲအလိုလိုတွေ့လေ့ရှိတယ်Boss
ကျန်တာတော့ ဘာမှမထူးဘူး Boss
သူ့က စီးပွားရေးသမားမဆန်ဘူး၊ သူမှာ တပည့်တွေဘာတွေလဲ မရှိလောက်ဘူး Boss"

 Redress Where stories live. Discover now