Part 10

1.1K 40 2
                                    

(Unicode)

လရောင် ကိုယ်တက်ခဲ့တဲ့ကျောင်းကို တွေ့လေတော့
နာကျင်ပေမယ့် ပြန်သတိရနေတာတော့ အမှန်ပါပဲ။ကျောင်းတက်ခဲ့တဲ့ အချိန်တွေကိုတော့ လွမ်းလှသည်။

မည်သူမဆို ဤအရာက နာကျင်စေတယ်ဆိုပြီး မေ့ထားလို့ရပေမယ့် ကြည်နူးခြင်းတွေ အပြည့်ရှိနေတဲ့
အမှတ်တရတွေက်ိုတော့ တိုက်ဆိုင်မူ့ရှိတိုင်း သတိရမိကြမှာပါပဲ။

ပထမနှစ်ကနေ ဒီနှစ်နောက်ဆုံးနှစ်Second semထိ တက်ခဲ့မို့လို့ ဒီကျောင်းပေါ်ထားတဲ့ သံယောဇဉ်တွေပြောမကုန်နိုင်အောင်များပြားလှပေသည်။

ချစ်ရတဲ့သူအပေါ်ထားတဲ့ ချစ်ခြင်းက သက်သက်
ကျောင်းပေါ်ထားတဲ့ ချစ်ခြင်းက သက်သက်
သူငယ်ချင်းတွေပေါ်ထားတဲ့ ချစ်ခြင်းကသက်သက်
ဒီကျောင်းမှာ ကျန်နေသေးတဲ့ ချစ်ခြင်းက နှစ်ခုကျန်ပါသေးသည်။

အမှန်တိုင်းပြောရရင် လရောင် ကို့အပေါ် အများကြီးမမှော်လင့်ခဲ့ ကိုထားသွားရင်တောင် အကြောင်းပြချက်ခိုင်ခိုင်လုံလုံနှင့်ပြောလာခဲ့ရင် လရောင်မငြင်းပါ။

လရောင်က Drama ဆန်ဆန် အဆုံးသတ်တစ်ခုကို နှစ်သက်ပေမယ့်လဲ ကိုက ရုတ်တရက်ဗြုန်းစားကြီး ထားသွားတော့ လရောင် စိတ်ပြင်ဆင်ကြီး မရခဲ့တာတော့ အမှန်ပါ။

*ဟူး ဒီအကြောင်းတွေ မတွေးချင်တော့ဘူး
ပင်ပန်းလိုက်တာ*

ဘေးနားမှာ လူကြီးရှိနေတာကို သတိရကာ

" ဘယ်တော့ ကျောင်းဖွင့်မှာလဲ ဦး"

ဒေါင်း သိတာပေါ့။ ကောင်လေး အရင်ချိန်တွေကို ပြန်လွမ်းနေတာပဲ ။ ကောင်းလေးကို ဒီနှစ်second sem ကို နားခိုင်မည်ဟု တွေးထားမိသည် ဒါပေမယ့်
ကောင်လေးက ကျောင်းတက်ချင်နေတဲ့ ပုံပါပဲ။

" ဒီနေ့ ၂၅ရက်နေ့ ကလေး"

"လကုန်တော့မှာပဲ ၁ရက်နေ့ဆို ကျောင်းဖွင့်တော့မှာ
  ဟီးဟီး ကျောင်းတက်ရတော့မယ်"

"ကလေး ဒီsem နားလိုက်ပါလား??ကိုယ်စိတ်ချဘူး"

"ဟာ ဦးကလဲ ကျွန်တော်က ကလေးလား
စိတ်မပူနဲ့ ကျွန်တော် အဆင်ပြေတယ်"

 Redress Where stories live. Discover now