Part 8

1.1K 48 2
                                    

(Unicode)

" ကဲ့ ဘိုးတော်ခန့် ဘယ်မှာသွားစားချင်လဲ
ပြောတော်မူ"

" ZoYa ကို သွားမယ်"

"Ok "

ZoYaကို သွားဖို့ ကားမောင်ကာ ထွက်လာလေသည်။

"မင်း ငါကို ပြောစရာရှိတယ်ဆို ဘာလဲ"

"ဆိုင်ရောက်မှ အေးဆေးပြောပြမယ်"

"ကြီးကျယ်လိုက်တာ ဘာပြောမှမို့လို့"

"ရောက်ရင် သိမှာပေါ့"

"ပြီးရောဟေ့ ပြီးရော"

နှစ်ယောက်သား ဆိုင်ရောက်တော့ အစားအသောက် လှမ်းမှာလေတော့သည်။ မှာပြီးသည်နှင့်

" သော်ဇင် ငါမင်းကို မေးစရာရှိတယ်"

" အင်း မေး"

" မင်း ချစ်ဖူးလား"

"ဘာ!!!!"

​သော်ဇင် အံဩလည်း အံဩချင်စရာပင်။
သူ့သူငယ်ချင်းCool guyက မည်သူတစ်ဦးတယောက်မှ ရင်ခုန်အောင် မဆွဲဆောင်နိုင်ပါ။ ဆေး(၁)က
The whole queen တောင် သူကိုရင်ခုန်အောင် မလုပ်ခဲ့ပါ။ အဲတုန်းက ဆေး(၁)မှာ လုံးဝနာမည်ကြီး သတင်းပါပဲ။ အခုက ဘယ်လိုဟာလေးကများ ဒီကောင်ကိုစိတ်လှုပ်ရှားအောင် လုပ်နိုင်သွားတာပါလိမ့်။

" အဲလောက်မအော်နဲ့လေကွာ ရှက်စရာကြီး"

" မင်း...မင်း ဘာမေးလိုက်တယ်"

" မင်းချစ်ဖူးလားလို့"

ဒီမေးခွန်းက သော်ဇင် အတွက် ရယ်ချင်စရာနည်းနည်းတော့ကောင်းသည်။

" ငါထားဖူတဲ့ ရည်စားတွေက ငါအသက်လောက်ရှိနေပြီး"

" ဟာ ငါလဲ မသိပါလား??"

"မင်းဘယ်သိမလဲ မင်းမှ ဒီမှာမရှိတာ"
"မင်းသူတို့ကို ချစ်လား"

"ချစ်ခဲ့တဲ သူတွေလဲ ရှိပါတယ် ဘာဖြစ်လို့လဲ"

"ငါ..ငါလေ အခုတလောဘယ်လိုဖြစ်နေလဲ မသိဘူး"

သော်ဇင် ခန့်မှန်းတဲ့ အတိုင်းပါပဲ ဒီကောင်ချစ်မိတဲ့
Feelingကိုမခံစားဖူးတော့ ရင်ခုန်တာလား ??
ဖင်တုန်တာလား?? ဒီကောင်သိမှာမဟုတ်ပါ။

"မင် မဟုတ်မှလွဲရော ဟိုကောင်လေးကိုများ"

"ဟာ မင်း မသေချာဘူးနော် ငါကိုယ်ငါလဲ ငါမသိဘူး"

 Redress Where stories live. Discover now