Part 23

584 22 0
                                    


"မင်းရူးနေလား..???"

"ငါမရူးပါဘူးကွာ..."

"မင်းရူးတာမရူးတာ ခဏထား...အခုက ဆေးရုံကရောမင်းဘယ်လိုလုပ်မလဲ....?"

"ဆေးရုံက ငါဒီကိစ္စပြီးရင် လွှဲယူမယ်လို့ ငါပြောပြီးပြီးလေ..."

"အေး..ဦးနောင် သိရင်တော့ ဦးနောင် သွေးတက် မှာ..."

"ဟားဟား...ဘာမဖြစ်ပါဘူးကွာ..."

"မင်း ဇာတ် မင်းနိုင်ရင် ပြီးတာပဲ.."

သော်ဇင်လဲ ဒေါင်းနဲ့ အငြင်းပွားရတာ အာတောင် ခြောက်လာတာကြောင့် ပြောပြီးပြီးချင်းရေမော့
ကာသောက်လိုက်လေသည်။
နေ့လည်က ကိစ္စကို သတိရသွားလေတော့ ဒေါင်းလဲသိချင်နေသည်နှင့်မထူးတော့တာကြောင့်  ်သော်ဇင်ကိုခေါ်မေးလိုက်လေ၏။

"သော်ဇင်."

"အင်း.."

"မင်း..ညီလင်းကို ကြိုက်နေတာလား..."

ခွီး....

ဒေါင်း အမေးကို သော်ဇင်က ရေတီးသွားခြင်းဖြစ်သည်။

"ဖြစ်စရာလား..?ရူးနေလားကွ..!"

"မသိပါဘူး...ငါကြည့်တာတော့မင်းသူ့ကိုကြိုက်."

"ဒေါင်း တော်တော့...ငါက ရင်ခုန်တာ ဘယ်လိုလဲဆိုတာ သိတယ်ကွ...ရင်ခုန်တာတောင် မသိနေတဲ့ မင်းက ဒါကို ဘယ်လိုသိတာလဲ..."

"မတူဘူးနော်...ဟေ့ကောင် အခုက မင်းဖြစ်နေတာကိုငါမြင်နေရတာ...ကိုယ်ဖြစ်နေတာကိုတော့ ကိုယ်တိုင်မမြင်ရဘူးနော်..ကွာတော့ ကွာတယ်ကွ.."

"ဟုတ်ပါပြီး...လောလောဆယ်တော့ ငါရင်မခုန်ရဘူး.."

"အေးပါကွာ..ဒါပေမယ့် မင်းမျက်လုံးထဲမှာတော့
အချစ်တွေပြည့်နေတယ်နော်.."

"တိတ်စမ်း..!!ဒေါင်း...ငါ့လူနာကွ...မင်းပေါက်ကရမပြောနဲ့..."

"ငယ်ကလဲ ငါ့လူနာပါပဲကွာ...လူနာက ကိုယ့်ကြင် ဖက် မဖြစ်ရဘူးလို့ ဆေးဥပဒေမှာပြထမ်းထားလို့လား...?"

"ဒေါင်း..မင်း ဘယ်တုန်းက ကတ်သီးကတ်ဖဲ့နိုင် သွားတာလဲ..."

"မဟုတ်ပါဘူး...ပြောပြတာပါ...ငါမြင်နေတယ်ဆိုတဲ့ အကြောင်း.."

 Redress Where stories live. Discover now