Part 21

697 26 0
                                    


မနက် (၉:၃၀)နာရီ•••••

လရောင် နောက်ကျမှနိုးလာခဲ့သည်။ ညက ဦးကြောင့် အိပ်ရေးပျက်ထားတာပဲဆိုပါတော့... ။ဒါပေမယ့်လဲ
ဦးကို အဲလိုဖြစ်အောင် ကိုယ်ကိုယ်တိုင်လုပ်လိုက် ခြင်းဖြစ်၏။

နိုးလာတော့ ဘေးနားက ဦးကတော့ မရှိတော့ပါ။ ဦးက ခနကပဲ ထသွားတာ ထင်ပါရဲ့...။ ဦးအိပ်ထားတဲ့နေရာက နွေးနေသေး၏။
ပြီးတော့...။

ရေချိုးခန်းထဲမှာလဲ ရေသံကြားတော့ ဦးရေချိုးခန်းထဲမှန်း လရောင်သိလိုက်၏။ လရောင် လဲ ဦး ထွက်လာတဲ့ အထိ မစောင့်တော့ဘဲ ရေချိုးခန်း တံခါးကို ဖြည်းညင်းစွာတွန်းဖွင့်လာတော့ ဦးက လှည့်မကြည့် ဘဲ....

"ငယ်...ကိုယ်နဲ့ အတူရေချိုးမို့လား...?"

ဦး ကလှည့်တောက်မကြည့်ဘဲ သူဝင်လာမှန်းသိနေတဲ့ ဦးကို နှုတ်ခမ်းလေးစူကာ....

"ဦးကလဲ... သိရင်လဲ မသိချင်ယောင်ဆောင်ပေးပေါ့...ဟွန့်..."

လိုတာမရလို့ စိတ်ကောက်သွားတဲ့ ကလေးလေးကို
ဒေါင်း ချော့ရပြန်သည်။

"ဟုတ်ပါပြီးဗျာ...ကဲ့ အခုတော့ ကိုယ်နဲ့ ရေအတူချိုးမယ်မလား...လာ..အင်္ကျီချွတ်..."

"ဟွန့်...ထိနဲ့.!!"

လရောင် နှုတ်ခမ်းဆူပြီး ဦးကို မျက်စောင်းထိုးပြလိုက်သည်။

"ငယ်...ကိုယ်အသည်းယားအောင်မလုပ်နဲ့နော်...
မေးကြည့်အုံးမယ်...ငယ် ဘယ်ကအားတွေရလား?
အဲလိုမှန်းသိရင်...ညက...အွန်း.."

ညကကိစ္စကို ပြန်ရစ်နေတဲ့ ဦးကြောင့် လရောင်ရှက်သွားတာတော့ အမှန်ပင်....။
ညက လရောင် အစွယ်ကောင်းမူ့ကြောင့် လရောင် ရော ဦးပါ အိပ်ရေးပျက်ရပြီ။

"ဟာ...ဦး.! မရှက်ဘူးလား...?ငယ်ရှက်တယ် ပြောနဲ့.."

ညက လုပ်ချင်တာ လုပ်ပြီး ဒီမနက်မှ လာရှက်ပြနေတဲ့ကလေးကြောင်​့ ဒေါင်းနားပင်မလည်နိုင်။

"ဟားဟား..ငယ်ရှက်ကြောပြတ်နေတယ်လို့... အောက်မေ့တာ..မပြတ်သေးဘူးဘဲ..ရှက်ကြောလေးက"

"အား..မပြောနဲ့တော့ဆို.."

လရောင် ရှက်လွန်းလို့ တစ်ကိုယ်လုံးပင် ပူတက်လာပြီး ပါးပြင်တွေ နွေးလာတော့သည်။

 Redress Where stories live. Discover now