Part 20.🚫

1.1K 24 13
                                    


*ငါအခု ဘယ်တွေရောက်နေတာလဲ..??
ဘာလို့ မှောင်မိုက်နေတာလဲ..??
လူရောရှိရဲ့လား..??
ဘာလို့ ဘာအသံမှ မကြားရတာလဲ..??*

"ငယ်ရေ..."

ဒီအသံက ဦးအသံ...။
ကျွန်တော် ဦး...။
ကျွန်တော်ချစ်တဲ့ ဦး...။

"ဦး...ဘယ်မှာလဲ...? ငယ် ဒီမှာလေ...ဦး.."

လရောင် ဦးကိုအကျယ်ကြီး အော်ခေါ်နေမိသည်။ ဒါပေမယ့် သူဘာမတွေ့ရဘူး...။
နေရာတိုင်းက မှောင်မဲနေတာ...။
ကိုယ့်ကိုယ်ကိုတောင် မမြင်ရဘူး...။

"ငယ်...ကိုယ်ဒီမှာလေ..."

ဦးအသံကိုသာ ကြားရပြီး ဦးကို မမြင်ရတဲ့ဒုက္ခက
အရမ်း နာကျင်မှန်း လရောင် သိခဲ့ပြီး...။

"ဦး...ငယ်ဆီလာလေ...ငယ်ဘာမှမမြင်ရဘူး.."

"ငယ်.. ကိုယ်လာလို့မရဘူး...၁၀မိနစ်နေရင် ကိုယ် သွားရတော့မှာ...ကိုယ်ဆီ လာခဲ့ငယ်..."

"ဦး..ဦး ငယ်မပါဘဲ ဘယ်ကို သွားမှာလဲ..?မသွားရဘူး... ဦး...ဘယ်မှယလဲ ငယ်လာခဲ့မယ်..."

ထွက်သွားတော့မယ်လို့ ပြောနေတဲ့ ဦးကို လရောင် ရင်တွေကွဲရပြန်သည်။ သူ ဦးကိုလက်မလွှတ်နိုင်ဘူး..။
ဦးကြောင့် ဖြစ်တည်နေတဲ့ သူက..ဦးမရှိတော့ရင် သူဆိုတာလဲ ရှိလာတော့မှာမဟုတ်ဘူး...။

"ငယ်.. ၅မိနစ်ပဲကျန်တော့တယ်...ငယ်ဘယ်မှာလဲ..?"

"ဦး...ဘယ်ဘက်မှာလဲ?? ငယ်ဘာမှမတွေ့ရဘူး..
ဦးငယ့်ကို ထားမသွားရဘူးနော်..."

"ငယ်.. ကိုယ်ဆီလာပါကွာ...ကိုယ်ဒီမှာ.."

တွေ့ပါပြီး...။အမှောင်တွေထဲကနေ တစ်ခုတည်းသော် လင်းလာတဲ့ အလင်းရောင်ကို လရောင်ကြည့် မိတော့
အလင်းရောင်အောက်မှာ သူ့ကို ကြည့်နေတဲ့
သူ့ရဲ့ဦး...။

"ဦး..."

လရောင် ဦးအနားကို အပြေးလာကာ ပွေ့ဖက်လေတော့သည်။ ဒါပေမယ့်....။
ဦးက သူ့ကိုပြန်မဖက်ဘူး... ။

လရောင် ဦးကို ဖတ်ထားရာကနေခွာပြီး ဦးကို ကြည့်လိုက်တော့...ဦးက သူ့ကိုမဲ့ပြုံးပြုံးပြကာ...

"ငယ် ကိုယ့်ကို မေ့လိုက်တော့..."

"ဟအင့်..ဟအင့်...မရဘူး...အဲလိုမဖြစ်ရဘူး...
ငယ် ကို အသေသတ်ပြီးမှသွား...
ငယ် အသက်ရှင်နေသရွေ့ ငယ့်ကို မထားခဲ့နဲ့..."

 Redress Where stories live. Discover now