Part 8.1

878 42 2
                                    

(Unicode)

လရောင် အံဩစွာဖြင့်

"ကိုကို "

လရောင် ၏ ခေါ်သံနဲ့တင် ဒေါင်းသည် သူ့ရှေ့က
ကောင်လေး ဘယ်သူလဲဆိုတာ သူသိပါပြီ။ဒေါင်း
လဲ ကောင်လေးနှစ်ယောက်ရဲ့ ဇာတ်လမ်းကို ဝင်မရှုပ် ကောင်းတာကြောင့် အခြေအနေ ကြည့်ကာ ထိုင်နေလိုက်သည်။

" လရောင် မင်းတော်တော်ရီရတာပဲ
ငါများထားသွားရင် သေတော့ မလိုလိုနဲ့
အခုကျ Couple ခုံမှာတောင်ထိုင်နေပါလား"

လရောင် ကို့ကို ရုတ်တရက်ပြန်မြင်ရတော့ အံဩဝမ်းသာနေမိသည်။ဒါပေမယ့် ပျော်လို့ပင် မဆုံခင် မှာ ကို ပြောလိုက်တဲ့ စကားကြောင့် လရောင် နာကျင်လှသည်။

"ကိုကို မဟုတ်ဘူး လရောင်က.."

"တော်စမ်းပါ သူ့ကို ကြည့်ရတာ ရေလျှံမယ့် ပုံပဲ၊
မင်း လူရွေးတက်လိုက်တာ
မင်းသူ့ကိုဘယ်လိုများ ချုပ်လိုက်တာ ဟမ်"

ကို က ဒီလိုပြောလာမယ်လို့ လရောင်မထင်မိခဲ့ပါ။
လရောင် ဝမ်းနည်းလွန်းလို့ ပြန်ချေပဖို့တောင် မေ့နေလေသည်။ ဆိုင်ထဲမှာမို့လို့ မျက်ရည်မကျမိအောင်
ခံကြိတ်နေရင်း ဒီအတိုင်းရပ်နေမိသည်။

" မင်းကွာ မင်းမိဘ အမွေတွေ စားလို့တောင် မကုန် ပါဘူး ဘာလို့ လိုက်ပြီး..."

ဒေါင်း မနေသာနေတော့ပါ ။ ဒီကောင်လေး တော်တော်လွန်နေပြီးမို့လို့ ဒေါင်းဒီအတိုင်း ထိုင် ကြည့်မနေတော့ပဲ

"ကောင်လေး မင်းမှာရော ဘာအလုပ်ရှိလဲ"

"ခင်ဗျာ ကြားဖူးမှာပါ
ကျွန်တော်က မကြာခင်မှာ 'Vzin' Company ရဲ့ CEO ဖြစ်တော့မှာ "

"ဟုတ်လား အဲဆို မင်းလမ်းမင်းသွားလိုက်တော့
နောက်တစ်ခါ ကလေးကို အဲလိုပြောမိရင် မင်းနောင်တရသွားစေရမယ်"

"ဟားဟား ခင်ဗျာက ဘာမို့လို့လဲ"

"သိချင်လား မင်းအဖေကို မင်းအိမ်ပြန်ပြီးမေးကြည့် လိုက်အုံး ငါ့နာမည် ဦးဒေါင်းခန့်ရှိန် အိမ်ပြန်ပြီး မင်းအဖေကိုသွားမေးကြည့်လိုက်ပါအုံး"

"ဟားဟား ကောင်းပါပြီးဗျာ"

ဒေါင်းနဲ့ ထိုကောင်လေး စကားချေပနေစဉ် အမျိုးသမီးတစ်ယောက်ရောက်လာလေသည်။
သူက ချောသည်။ အမို့အမောက်တွေနဲ့ မျက်နှာကလဲ ဖုတ်ကျနေတာပဲ ဖြူဖုတ်ဖုတ်နဲ့ ဒီအလှလောက်နဲ့တော့ဒေါင်း ရဲ့ အာရုံကို မဖမ်းစားနိုင်ပါ။

 Redress Where stories live. Discover now