Part 29

671 21 1
                                    


ပူလောင်တယ်...
ခင်ဗျားကြောင့်နဲ့ ကျွန်တော် ပူလောင်တယ်...

မပိုင်ဆိုင်ရသေးခင်...
ခင်ဗျားကို ကျွန်တော် စွန့်လွှတ်လိုက်ရတော့မှာလား..?

ဒါကို ကျွန်တော် ဘယ်လိုဖြေသာရမှာလဲ..?

ဝေးသွားကြပြီ' လို့ဆိုရအောင်လဲ...
ကျွန်တော်တို့က နီးမှမနီးစပ်ခဲ့ဖူးတာ...

ဒီအတိုင်းလေး ဆက်ချစ်နေဖို့က
ပြောရတာပဲ လွယ်တာဗျာ....

တကယ်တမ်း လက်တွေ့ကျတော့
ရင်ထဲမှာ အလိုလိုနေရင် အောင့်လာတယ်ဗျ...

**********************
ဘုန်း....

"ဟူး....ဒီနေ့ စောက်ရမ်းပင်ပန်းတယ်..."

ကိုယ့်ကိုယ်ကို အိပ်ယာပေါ် ပစ်တင်လိုက်ပြီ ငြူးနေတော့သည်။

ပြီးတော့ သူတွေးနေမိသည်က ဥိီးသောနှင့်ထိုမိန်းကလေးအကြောင်း။

လိုက်ဖက်ပါပေတယ်...။ ဦးသော်ကောင်မလေးက
အဆင့်မြင့်မြင့်လူမှန်းကြည့်ရုံနဲ့ ခန့်မှန်းမိ၏။

ဘာဖြစ်ဖြစ်လဲ ဦးသော်အတွက် သူဂုဏ်ယူပေးရမယ့် ကိစ္စမဟုတ်လား။

သူ့နှလုံးသား နာကျင်တာကိုလျစ်လျူရှုပြီ
သူဦးသော်အတွက် လက်ခုပ်တီးပေးရမှာပေါ့။

"အ့ ငါနှလုံးသားလေးတော့ ကွဲပါပြီ..."
.
.

"သော်ဇင် ငေးမနေနဲ့ မှာစရာရှိတာမှာ.."

"အေးပါကွာ...ဒီအဆိုင်က ဆန်းသစ်လို့ ကြည်ါနေတာ..."

"ဟုတ်တယ်နော်...တိတ်ဆိတ်တယ်...ဂမုန်းတွေစိမ်းနေတာပဲ...တော်တော်အေးချမ်းတယ်..."

"အင်း ဟုတ်တယ်နော်..."

ဒေဝီပြောတာကို သော်ဇင်ထောက်ခံပေးရင် ပြုံးနေမိသည်။

ထူးထူးဆန်းဆန်း အတွေးထဲဝင်ရောက်လာသည့် ချာတိတ်လေးအကြောင်း ကိုတွေးရင် ပြုံးနေမိ။

*နောက်မှပဲ ခေါ်ပြီးဒီဆိုင်မှာ လာထိုင်အုံးမယ်..*

"ဟဲ့...လဒ မှာတော့.."

"ဒေဝီ...နင်အခုထိဆဲတုန်းပဲလား..."

"အော်...နင်မှ အချိုးမပြေတာ ငါဆဲမှာပေါ့..."

 Redress Where stories live. Discover now