Part 24

636 23 2
                                    


ဒေါင်း အန်တီခိုင်ချိန်းထားသည့် ဆိုင်ကို ရောက်လာခဲ့ပြီး ကော်ဖီသောက်ကာ အန်တီခိုင် အလာကို ထိုင်စောင့်နေလေ၏။

*အန်တီက ဘာကိစ္စကို ပြောမှာမို့လို့ ငါကိုနှစ် ယောက်ထဲတွေ့ဖို့ ချိန်းလိုက်တာလဲ..?
ပြီးတော့....
ငယ့်ကိုလဲ မသိစေနဲ့ ဆိုတော့ ငယ်သိလို့ မဖြစ်တဲ့ ကိစ္စကို ပြောမှာမို့လို့လား..?
ဧကန်မှ...
အမှု့ကိစ္စကို ငါဖော်ထုတ်တယ်လို့ အန်တီသိသွားလို့များလား...?
မဖြစ်နိုင်တာ အန်တီသွားစရာအကြောင်းမရှိပါဘူး... သိသွားလို့ကရော ဘာဖြစ်မှမို့လို့လဲ...?
အန်တီ ငါကို တွေ့ချင်တာ ဒီကိစ္စမဟုတ်လောက်ဘူးထင်တယ်...
ဒါဆို ဘာကိစ္စများလဲ...?
ဟာ...မသိတော့ဘူး...လာရင် သိရမှာဟာ..*

​ဒေါင်းတွေးလက်စကို ပြတ်၍ မှာထားသည့်ကော်ဖီ
နွေးနွေးကို မှုတ်ကာသောက်နေလေသည်။
သိပ်မကြာပါဘူး အန်တီခိုင်ရောက်လာခဲ့၏။

"Sorry ကွယ် အန်တီကားလမ်းနည်းနည်းပိတ်နေလို့.."

"မဟုတ်တာဗျာ..အချင်းချင်းကိုပြောစရာမလိုပါဘူးဗျ...ထိုင်ပါအန်တီ...ဘာမှာမလဲ.."

"ရေပဲပေးပါကွယ်..."

ဒေါင်း အန်တီခိုင် ပြောသည့်အတိုင်း ရေသန့်မှာပေးလိုက်ပြီ စကားဆက်လေ၏။

"အန်တီ ကျွန်တော်ကိုခေါ်လိုက်တဲ့တာက..."

"အော်...အဲဒါက ဒီလိုပါ...သားငယ်ကိစ္စပါ.."

အန်တီိခိုင် ပြောတဲ့စကားတွေက ဒေါင်းကို နားမရှင်းစေခဲ့...။

"ဟို..ကျွန်တော် နားမလည်ဘူး...ငယ်က ဘာဖြစ်လို့လဲ အန်တီ..."

"သားငယ်က ဘာမှမဖြစ်ပါဘူးကွယ်...
အန်တီပြောချင်က ဒီလိုပါ...သားငယ်က အခုကျန်မားရေးလဲ ကောင်းနေပြီး..စိတ်ချရတဲ့ အခြေအနေလဲ ရောက်နေပြီဆိုတော့ သားဒေါင်းရဲ့ ကုသမှု့ကို ရပ်စေချင်တာပါ..."

"အော်...ရပါတယ်ဗျာ...သိပ်ရတာပေါ့..."

"ကောင်းပါပြီး...အဲဒါ ဆေးဖိုးကို အန်တီတို့ဘက်က ဘယ်လောက်များ.."

"ရပါတယ်ဗျာ.."

"မဟုတ်တာကွယ်...သားဒေါင်းက စေတနာ့ဝန်ထမ်းမှမဟုတ်တာ...အန်တီဘက်က ဆေးဖိုးပေးမှ စိတ်ရှင်းမှာမို့..."

 Redress Where stories live. Discover now