Part 24.🚨

1.1K 22 7
                                    


ညအမှောင်ယမ်းတွေက သူ့ကို ပိုပြီး အထီးကျန်စေသယောင်ယောင်...

ဒီလို ညမျိုးကို အခါခါဖြတ်သန်းခဲ့ပေမယ့်
ဒီတစ်ခေါက်ကတော့ ပိုပြီးသူ့ကို အထီးကျန်စေသလိုမျိုးကို ပေးဆောင်နေ၏...။

အထီးကျန်းခြင်း အံတုကာ...
ဝရံတာ အပြင်ဘက်ကို ထွက်ပြီး ညရှုခင်းကို
ကြည့်ရင်း တိုက်ခတ်လာတဲ့ လေစိမ်းကို ရှုရှိုက် လေတော့လည်း လေစိမ်းတွေက လွမ်းဆွတ်ခြင်း၊
ဝမ်းနည်းခြင်းတို့ကို သယ်ဆောင်လာသလိုမျိုးပေါ့...

ဒီ ခွဲခွာခြင်းက ခဏတာပါပဲ ဆိုပေမယ့် သူ့အတွက် တော့ အဲဒီ ခဏတာက နှစ်ထောင်ပေါင်းမြောက်မြားစွာကို တစ်ယောက်ထဲ ရှင်သန်နေရသလိုမျိုး အထီးကျန်းလွန်းလှသည်။

လေစိမ်းတိုက်ခံရတာ ကြာလာတော့ အခုချိန်မှာ ထပ်လိုနေတာ အနွေးဓာတ် ဖြစ်နေတော့ ဂွမ်းပျော့အိပ်ယာခင်းပေါ် ဝင်လှဲကာ အေးစိမ့်နေသည့်
ကိုယ်ခန္တာကို အနွေးဓာတ်ပေးပေမယ့်လဲပဲ...

တကယ်တမ်း လိုနေတာက ချစ်ရသူပေးတဲ့
အနွေးဓာတ်ကိုပင်...

ချစ်သူရဲ့ အဝေးမှာ သူဘယ်လိုများကြာကြာရှင်သန်ရမလဲမသိတာ သူတွေးပင် မတွေးဝံ့တော့ပါ....

ချစ်သူနဲ့ ခွဲခွာချိန် ၂၄နာရီ မပြည့်သေးခင်မှာပင်
သူသိလိုက်ရသည်က ချစ်ရသူရဲ့ အဝေးမှာ
သူဘယ်လောက်ထိ ရှင်သန်ရခက်ခဲနေခဲ့လာဆိုတာ
သူကိုယ်တိုင် သိရှိခဲ့လို့ပင် ဖြစ်၏။

ဒီရှည်လှားလွန်းတဲ့ အထီးကျန်းတဲ့ ညတစ်ညကို
အိပ်ဆေးကို ရေနဲ့မျောကာ သူအိပ်ယာဝင်မှေးဆက်ရတော့မည်။

မနက်ဖြန် ဘာဆက်ဖြစ်အုံးမလဲ မတွေးချင်တော့တာကြောင့် အသက်ကိုမှန်မှန်လေး ရှုသွင်းရှုထုတ်ပြုလုပ်ပြီး အိပ်စက်မူ့ ပြုလေတော့သည်။
.
.
.
တောက်ပလွန်းတဲ့ မနက်ခင်း အလင်းရောင်ကြောင့်
ဒေါင်းနိုးလာခဲ့ပြီ....

ညတုန်းက ဘယ်လိုများအိပ်ပျော်သွားသလဲဆိုတာ
သူကိုယ်တိုင်ပင်မသိလိုက်ပါ...

သို့သော်လဲ အခုနိုးထလာပြန်တော့ ကလေးကို ကျောင်းကြိုပို့လုပ်ပေးခွင့်မရှိတော့တာကိုသိပြန် တော့လဲ ရင်တွင်းက ဟာတာတာဖြင့်ရှိနေပြန်
ရော....

 Redress Where stories live. Discover now