" အမလေးရှင်...ဘယ်လိုဖြစ်ရတာတုန်း..."ဒေါ်သင့် နဲ့ ဦးဖိုးတို့ ဘုရားဖူးရင်း လိုတာထွက်ဝယ်
ကြတာပေါ့..။
အိမ်အပြန်လမ်း နေပူကတော့ အိမ်ကိုရောက် သည်နှင့် ရေသောက်ဖို့ရန်နောက်ဖေးကို ဝင်လာတော့....ဘုရားဘုရား....ဒါက ဘယ်လိုမြင်ကွင်းလဲ...
ဟုတ်မှဟုတ်ရဲ့လား ဆိုပြီး မျက်လုံးထပ်ခါထပ်ခါ ပွတ်ပြီး ပြန်ကြည့်တော့လဲ ဒီမြင်ကွင်းကိုမြင်နေရ၏။
"ဘုရားဘုရား....ဒါဘယ်လိုလုပ်ပြီး...အမလေး..."
"ဟေ့..မိတင့် ဘာဖြစ်လို့တုန်း..."
"ရှင် ပဲ ကြည့်ပါတော့ရှင်...."
ဒေါ်တင့် မီးဖိုးချောင်းကမြင်ကွင်းကိုညွှန်ပြလေတော့ ဦးဖိုးက။
"ဟေး...ငါတို့မရှိတုန်း သူခိုးဝင်လာတာလား.."
"အမလေး...အဲလိုမဖြစ်ပါစေနဲ့..."
"ကဲ့ကဲ့.. သခင်လေးမြင်နေမယ်...ရှင်းရှင်း..ပြီးရင် ဘာပျောက်လဲ စစ်ကြည့်အုံး..."
"အေးပါရှင်...ရှင်လဲကူအုံး ကျွန်မကို..."
"သိပါတယ်ဟာ...လုပ်လုပ်.."
ဒေါ်တင့်ရော ဦးဖိုးရော ရှုပ်ပွနေတဲ့ မီးခိုစင်တစ်ခုကို ရှင်းကျတော့သည်။
"မိတင့် ဒါက ဘာတူးနေတာလဲ..."
"ဘယ်မှာလဲ...ပြပါအုံး.."
"ဒီမှာ ဒီမှာ..."
ဒေါ်တင့် တူးနေသည့် အိုးကိုသေချာစိုက်၍ကြည့်လိုက်တော့....
"ဟေ....ဒါက ကျွန်မ ဆန်ပြုတ် ပြုတ်နေကြအိုးရှင့်
ကုန်ပါပြီး ကျွန်မ ဆန်ပြုတ်တွေ...""ဟ...သူခိုးမဟုတ်လောက်ဘူးဟ..ဟားဟား"
"ဟင်...ဒါဆို...ဟို...ဟို..."
"မ ဟိုနေနဲ့...ရှင်းတော့ ဟားဟား..."
"ရှင်ရီမနေနဲ့...သခင်လေးကြားသွားမှဖြင့်..."
"ငါ စဉ်စားမရလို့ပါကွာ...ဘယ်လိုလုပ်ပြီး ဒီလောက်ထိရှုပ်သွားတာလဲ..."
"စဉ်းစားမနေနဲ့...ရှင် စားပွဲကို သုပ်လိုက်.. ကျွန်မ
ဒီမှာရှင်းလိုက်မယ်..."
YOU ARE READING
Redress