Part 20

787 28 4
                                    


ကလေး မူးလဲသွားလေတော့ ဒေါင်းတို့မှာလဲဗျာယာခက်ခဲ့ကုန်ကြသည်။ဒေါင်း စိတ်ပူမူ့ကြီးစွာ..ကလေးကို ခေါ်နှိုးပေမယ့် နိုးမလာတော့...

"အန်တီ Family Dr. ကိုအမြန်ဖုန်းဆက်ပေးပါ.."

"အေးအေးသား..."

ဒေါ်ခိုင်နွဲလဲ သားဒေါင်း ပြောသည့်အတိုင်းFamily Dr. ကိုဖုန်းဆက်ဖို့ ထွက်သွားလေတော့သည်။ ကျန်နေခဲ့သည့် ဒေါင်းမှာတော့..ကလေး၏သွယ်လျလျကိုယ်လေးက်ု ပွေ့ချီကာ အိမ်အပေါ်ထပ်က ကလေးအခန်းဆီ ခေါ်သွားတော့သည်။

(၁၅)မိနစ်အကြာမှာတော့.. Family Dr. ရောက်လာလေပြီ စစ်ဆေးလေတော့သည်။

"သားCC ကPhysical ဘက်ဘာမှစိုးရိမ်းစရာမရှိပါဘူး..Chemistry ဘက်ကိုတော့ သားCC နိုးလာမှ ဒေါင်း စစ်ဆေးကြည့်လိုက်ပါ...အစ်မခိုင်လဲ သိပ်စိတ် မပူပါနဲ့ ဒေါင်း လဲ ရှိနေတာပဲဆိုတော့ အစ်မခိုင် စိတ်ချလို့ရပါတယ်..ကျွန်တော် သောက်ဆေးပဲ ပေးလိုက်မယ်..."

"ဟုတ်ကဲ့ပါ..ဆရာ"

"ဒါဆို ကျွန်တော်ကို ခွင့်ပြုပါအုံး..သားCC ညပိုင်းလောက် နိုးလာနိုင်တယ်..ဒေါင်း နည်းနည်းဂရုစိုက် ပေးလိုက်ပါ...အစ်မခိုင်ကတော့ သားCCကို စောင့်မအိပ်မနေနဲ့အုံး..အစ်မခိုင်ကျန်းမာရေးကရှိသေးတယ်
ကျွန်တော် မပြန်ခင်တော့ အစ်မခိုင်ကို အပြီးစစ်ဆေးပေးလိုက်တော့မယ်.."

Family Dr. ပြောတာကို နားထောင်းပြီး စဉ်းစားမိ
သည်။
​အန်တီခိုင်လဲ သားစိတ်နဲ့ရော ခင်ပွန်းအမှူနဲ့ပါ လူက ယိုင်တိုင်တိုင် ဖြစ်တော့မှာကိုကြိုတွေးနေမိတာကြောင့်...

"ဟုတ်ပါတယ် အန်တီ..ကျွန်တော် စောင့်အိပ်နေကြမို့လို့ အန်တီ နားနားနေနေ နေပါ...ကလေးကိုကျွန်တော် ပိုဂရုစိုက်လိုပါ့မယ်"

"ကောင်းပါပြီးကွယ်..."

ဒေါ်ခိုင်နွဲလဲ Family Dr. ပြောသည့်အတိုင်းကိုသာ အနားယူဖို့ လက်ခံလိုက်သည်။
​အန်တီခိုင်နှင့် Family Dr. တို့ အခန်းထဲကနေ ထွက်သွားလေပြီ သိပ်မကြာတဲ့အချိန်မှာပင် ဘောင်းဘီးအိတ်ထဲက Silent လုပ်ထားသည့် ဖုန်းကတုန်ခါလာကြောင့် ဖုန်းကို ဘောင်းဘီအိတ်ထဲကနေ ဆွဲထုတ် ကြည့်လိုက်ရာ...

 Redress Where stories live. Discover now