Part 14

768 35 9
                                    

(Unicode)

ဒေါင်းတို့ အချိန်အတော်ကြာအောင် နမ်းပြီးတော့ နှုတ်ခမ်းချင်းခွာလိုက်လေသည်။

"ဦး!!!ကျွန်တော်နှုတ်ခမ်းယောင်နေပြီး"

နီရဲရဲနှုတ်ခမ်းလေး ယောင်သွားလို့ ရန်တွေ့နေတဲ့ ကလေးကြောင့် ဒေါင်းကလေးရဲ့ ခါးကို ကျစ်ကျစ် ပါအောင်ဆွဲဖက်ကာ ကလေးရင်ခွင်ထဲ တိုးဝင်လာသည်။
လရောင်မှာလဲ ရန်တွေ့မလားလို့ စဉ်းစားရုံသာရှိသေးသည်။သူ့ကို ပြန်ကပ်ချွဲနေတဲ့ ဦးကြောင့် လရောင် ရန်မတွေ့ရက်တော့ပဲ ဦးရဲ့ဆံပင်လေးတွေကြား လက်ချောင်းထိုးစွကာ ပွတ်ပေးနေလေသည်။

"ဦး အင်္ကျီချွတ်နဲ့ပဲနေတော့ဖို့လား"

"Arrr ဟုတ်သားပဲ၊ ငယ်ယူပေးလေ ဘေးကBox မှာ "

ဦးပြောတဲ့ Box ထဲမှာ အဲင်္ကျီအပိုတစ်ထည်ကို ထုတ်ကာ ဦးကိုပေးလိုက်ကာ ဝတ်စေသည်။ဦးက ကြယ်သီးကို မတပ်ပဲ သူကိုကြည့်လာ၏။

"ငယ် ကိုယ်ကိုတပ်ပေး "

လူကြီးကလေး လာလုပ်နေတဲ့ ဦးကြောင့် မျက်ခုံးတွန့် ပြီး နှုတ်ခမ်းလေးဆူကာ

"Hrrr ဦးလက်နဲ့ ဦးတပ်ယူလေ ဒုက္ခပါပဲ"

"ဟင့်အင့် ကိုယ့်လက်မအားဘူး ကလေးကို ဖတ်ထားရတယ် "

အကြောင်းပြချက်တွေ ဇွတ်ကောင်းနေတဲ့ ဦးကြောင့် လရောင် ဆူပုတ်ပုတ်နှင့် ကြယ်သီးတပ် ပေးလိုက် လေ၏။

ဂွီး...ဂွီး....

လရောင် ဗိုက်ထဲကထွက်လာတဲ့သာ ဖြစ်လေသည်။

"ကျွန်တော် Pizzaလေး အေးကုန်ပါပြီ ၊ ဦးကြောင့် ဟွန့်!!!"

"ကိုယ်အသစ်ပြန်ဝယ်ကျွေးမယ် "

"Nooooo ဒါပဲစားမယ် ၊ ခုံတန်းမှာ သွားစားရအောင်
ကားထဲမှာကျ အဆင်မပြေဘူး "

လရောင် Pizza အိတ်ကိုဆွဲကာပြောလေ၏။

"ငယ့် သဘောဗျာ ၊ ကိုယ့်လည်ပင်းကို တင်းတင်း
ဖက်ထားနော် "

ဒေါင်း ပေါင် ၁၀၀ကျော်ကျော်လောက်သာရှိတဲ့ ကလေးကို ချီကာ ကားပေါ်ကဆင်းပြီး အပြင် ကခုံတန်းလေးဆီလာလေသည်။ ခြေထောက်တွေကခါးကို ခွထားစေပြီ လက်နှစ်ဖတ်က လည်ပင်းကို ကျစ်နေအောင်ဖတ်ထားကာ ပါလာတဲ့ ကလေးကို အသည်းယားနေမိသည်။ ခုံတန်းလေးဆီ ရောက် တော့

 Redress Where stories live. Discover now