Part 5

1.1K 49 0
                                    

(Unicode)

ဒေါင်း စံအိမ်~~~~

{~~Another day has gone~~
~~I'm still all alone~~}

ဖုန်းသံကြောင့် ဒေါင်းနိုးလာပြီ ဖုန်းကိုကြည့်လိုက် တော့ နံပါတ်စိမ်း ဖြစ်နေ၏

" hello "

" ဟယ်လိုသားဒေါင်း အန်တီပါ
သားငယ် သောင်းကျန်း နေလို့ အမြန်လာပါအုံးကွယ်"

"ဟုတ် အန်တီ "

ဒေါင်း ဖုန်းကိုချပြီး ပြတင်းပေါက်ကနေ အပြင်ကိုကြည့်လိုက်တော့ မိုးသည်းနေတာကြောင့် ဗီဒိုထဲက
ပေါ့ပါးလွတ်လပ်တဲ့ အင်္ကျီနဲ့ ဘောင်းဘီ တစ်စုံကို ထုတ်ယူကား လက်ဆွဲအိတ်ထဲ ထည့်လိုက်သည်။နာရီကို ကြည့်လိုက်တော့ ၅နာရီထိုးနေပြီးဖြစ်တာကြောင့်
ကားသော့ကို ယူကား အိမ်အောက်ထပ်သို့ ဆင်းလာခဲ့၏။ ကားနားရောက်တော့ ဦးဖိုး ဒေါင်းနားလာ၍

"သခင်လေး ဦးဖိုး ကားစစ်ထားပြီးပြီး"

"ဟုတ် ဒါနဲ့ ကျွန်တော် ဒီနေ့ နောက်ကျမယ်
၈ နာရီလောက် ကျွန်တော်မရောက်လာရင် မစောင့်နှင့်နဲ့တော့"

" ဟုတ် သခင်လေး"

" ကျွန်တော် သွားပြီး"

ဒေါင်း ကားပေါ်တက်ကား ကားကိုမောင်းထွက်သွားလေသည်။လမ်းမှာ ကားပိတ်နေတာကြောင့် မိနစ်(၂၀)ကြာမှ လိုရာခရီးရောက်တော့သည်။

ခြံရှေ့ကို ရောက်တော့ ဟွန်းတီးနေရင်း
ဒေါင်းမြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒေါင်း ရင်ထဲအလိုလိုနာလာမိ။ဒေါင်းသတိထားမိလာသည် အချိန်တိုတိုလေးအတွင်း ဒေါင်း ဒီကောင်လေးအပေါ် ဂရုဏာပိုနေမိသည်။ဒေါင်း ကားပေါ်ကနေအမြန်ဆင်းကာ ကောင်လေးဆီလျှောက်လာပြီ

" ကလေး မိုးရွာနေတယ်လေ လာအထဲဝင်ရအောင်"

"မဝင်ဘူး ကျွန်တော် တောင်းထားတာ ပြန်မပေးသေးဘူး မပေးရင် ကျွန်တော်ကိုပါ ယူသွားလိုက်
ကျွန်တော် မနေချင်ဘူး"

ဒေါင်းလဲ တစ်ကိုယ်လုံးမိုးရေတွေ စိုရွဲနေပြီး

"ကလေး မဆိုးရဘူးလေ
နေမကောင်းဖြစ်မယ်လား "

"မဝင်ဘူးလို့ ပြောနေတယ်လေ!!!"

ဒေါင်း သိလိုက်ပြီ။ ဒီလိုတာ ဆက်ငြင်းနေရင် ဒီမှာတင် အကုန်သေကုန်လိမ့်မည်။ဒေါင်းလဲ မတက်နိုင်တဲ့အဆုံး ကောင်လေးရဲ့ သေးသေးလွယ်လွယ်ကိုယ်လုံးလေးကို ပွေ့လိုက်တော့ ကောင်လေးက လန့်သွားပြီး ထင်ပါရဲ့ ဘာအသံမှ မထွက်လာတော့။ ပြီးနောက် ဒေါင်း မောင်တိုးဘက်လှည့်ကား

 Redress Where stories live. Discover now