Part 26

682 20 0
                                    


စူးရှလွန်းတဲ့ အလင်းရောင်ကြောင့် လရောင် စိတ်မကြည်မသာဖြင့် နိုးထလာခဲ့သည်။ မျက်ခွံပင်မဖွင့်ရသေးပင် ဘေးနားကို လိုက်စမ်းကြည့်လေတော့ ဘေးနှစ်ဖက်နှစ်ချက်က အေးစက်စက်ဖြစ်နေသည်။

ဘေးနားမှာသာ ဦးရှိနေခဲ့ရင် ခဏက မကြည်လင်နေသောစိတ်သည် ရေလိုကြည်လင်လာမှာအမှန်ပင်။ သိူ့သော် သူ့ဘေးနားမှာ ဦးရှိမနေခဲ့ပါ...။
ကုတင်ဘေးက နာရီကို လှမ်းကြည့်လိုက်တော့

"၁နာရီ ရှိပြီးလား...?"

ကမန်းကတန်း ထထိုင်လိုက်ကာ အခန်းဖက်လည် ကို ဖက်ကြည့်လေတော့ ဤအခန်းပိုင်ရှင်သည်
သူမဟုတ်...။ သူ့အချစ်ရဆုံးသူ ဦးပင်ဖြစ်သည်။
ဒါပေမယ့် ဦးက ဤအခန်းထဲမှာရှိမနေခဲ့ပါ...။

ဦးက ဘယ်ကိုသွားတာလဲ...။
အလုပ်ကိစ္စကြောင့် အပြင်ထွက်သွားတာလား...။
ဒါဆိုလဲ စာတော့ ချန်ထားခဲ့သင့်တယ်မလား..။

လရောင် ဖြစ်နိုင်မည့် အကြောင်းစဉ်များကို ထိုင် ကာ စဉ်းစားနေလေ၏။

"ဦး...ဦးက ငါအိပ်နေတုန်းမှာ ငါ့ကိုထားပစ်ခဲ့တာလား...?  မဟုတ်ဘူး...မဟုတ်ဘူး...လုံဝပဲ...
ဦးက ငါချစ်တယ်...ဟုတ်တယ်..ဦးက ငါကို ချစ်တယ်လို့ ပြောခဲ့တာ..."

"ငါ ဦးကို ယုံတယ်....ဒါပေမယ့်....
  ဦးက ဘာလို့ ငါ့အနားမှာမရှိတာလဲ...?
  ခဏက ငါတွေးလိုက်သလိုများဖြစ်..ဖြစ်..."

  "ဟင့်...အင့်...မရဘူး.!!!!မဟုတ်ဘူး.!!!!
   မဖြစ်စေရဘူး.!!!!"

လရောင် အလန့်တကြားဖြစ် အိပ်ရာကနေနိုးထလာခဲ့၏။ ကိုယ်မျက်နှာကိုယ် လက်ချောင်းတွေဖြင့် တို့ထိကြည့်မိတော့ မျက်ဝန်ထဲကနေ မျက်ရည်များ အဆက်မပြတ်စီးဆင်းနေဆဲပင်။

ပါးပေါ်မှာလဲ မျက်ရည်တွေစိုရွှဲကာနေလေပြီ
ဝင်သက်ထွက်သက်ကလည်းအလွန်ပြင်းပြလှသည်။

လရောင်အလွန်ပင် မောပန်နေခြင်းဖြစ်၏။
သတိတချက်ရကာ ပတ်ဝန်းကျင်ကိုလေ့လာကြည့်လိုက်တော့ သူတကယ်ပင် တုန်လှုပ်ခဲ့ပြန်သည်။

အခု သူရောက်နေတာ ဦးအခန်း ဖြစ်ပြီး ဦးရဲ့ King
ဆိုဒ် ကုတင်ကြီးဟာလဲ သူကလွှဲ၍ မည်သူတစ်စုံတစ်ဦးမျှ ရှိမနေခဲ့ပါ။

 Redress Where stories live. Discover now