Part 30

2.2K 37 1
                                    


"ပြွတ်! နိုးပြီးလား...?"

"အင့်...နိုးပြီး...."

"ထတော့မလား.. ?ကိုယ်ချီပေးမယ်..."

"ဟင်း....ထရမှာပေါ့ ၊အတန်းရှိတယ်လေ..."

လရောင် ညက အတန်းရှိတာကို မေ့ပြီ ဦးနှင်အတူနေခဲ့မိသည်။
​ခါးအောက်ပိုင်းရဲ့ အနာဒဏ်ကို အံတင်းကာ ကျောင်းကိုသွားရအုံးမည်ဆို၍ သက်ပြင်းပင်ချနေမိ၏ ။

"ဘယ်သူ့ ခွင့်ပြုချက်နဲ့ အတန်းကိုတက်မှာတုန်း?"

"ကျောင်းတက်တာပဲကို"

"အောက်က နာသေးတယ်မလား ?၊ ခါးကရော မညောင်းနေဘူးလား..? ဟမ်.."

"နာတာတော့ နာပါတယ် ၊ ဆေး..."

"မရဘူး...ဒီတစ်ရက်တော့ မတက်ပါနဲ့ကွာ...ကိုယ်စိတ်မချဘူး နော်..."

လရောင် ဘယ်ငြင်းနိုင်တော့မည်နည်း။ ဦးရဲ့ 'နော်'
တစ်ခွန်းက လရောင်မလွန်ဆန်နိုင်တဲ့ အမိန့်ပမာ
ပင်။

"ဦးကို သိပ်ချစ်လွန်းကို ငယ်နားထောင်လိုက်မယ် ဟွန့် "

"ဟုတ်ပါပြီဗျာ....ကိုယ့်စားနားထောင်တဲ့အတွက် ဒီနေ့ ငယ်ဘာဖြစ်ချင်လဲ ကိုယ်အကုန်လုပ်ပေးမယ်"

ဒေါင်းနှုတ်ခမ်းက ထွက်လာတဲ့ စကားတွေကိုနားထောင်ပြီ လရောင်မျက်လုံးများ ဝိုင်းစက်လာလေသည်။

ဝမ်းသားအားရစွာဖြင့်....

"တကယ်နော်..."

"အင်း...တကယ်..ဒါပေမယ့် တစ်ခုရှိတယ်နော်
ပင်းပန်းစေတဲ့အရာတွေကိုတေယ့ ကိုယ်လုပ်ခွင့်မပြုဘူး..."

"ဟုတ်...ဟီးဟီး..."

"Morning kisssလေး အွန်း..."

ဒေါင်းနှုတ်ခမ်းဆူကာ လရောင်ဆီတိုးလာခဲ့တော့လရောင် အလိုက်သိစွာ....

"ပြွတ်....:ကျေနပ်ပြီလား...?"

"ပြွတ်...!!!သိပ်ကျေနပ်..."

"ဟားဟား...."

နှစ်ယောက်တည်း လူးလိမ့်စွာ ရယ်မောကြရင်း
ထိုစဉ် လရောင် တစ်ခုခုသတိရသွားဟန်ဖြင့်....

"ငယ်အတန်းမလာဖြစ်ဘူးလို့ နေလင်းဆီဖုန်းဆက်ရမယ်...ခနနေ သူစောင့်နေမယ်..."

 Redress Where stories live. Discover now