(Unicode)
စည်သူငြိမ် အိမ်ကိုပြန်ရောက်တော့ အဖေဖြစ်သူ
ဦးငြိမ်ချမ်းအောင် ကို မေးကြည့်လေသည်။"အဖေ "
"ဟေး "
"ဦးဒေါင်းခန့်ရှိန် ကို သိလား"
"မသိဘဲ နေမလားကွာ
'ရှိန်ဝါ' ဆေးရုံရဲ့ အမွေဆက်ခံသူလေ၊ ရုပ်ပြအရ
'ရှိန်ဝါ'ဆေးရုံပဲ ဆိုပေမယ့် နာမည်ကြီးCompany
အကုန်နီးပါးကို ရှယ်ယာအများဆုံး နံပါတ်(၁)တွေကြီးပဲ၊ အဖေတို့ Company လည်း သူကနံပါတ်(၁)
ရှယ်ယာဝင်ပဲ ၊သူတို့ ရှယ်ယာသာမရှိရင် အဖေတို့ ဘဝတော့ ရေမြုတ် ပြီပဲ ""အော် အဲကြောင့်ကိုး "
"သား သူနဲ့တော့ ပြသနာမဖြစ်စေနဲ့
အဖေတို့ ဘဝ မြောင်းထဲ မကျစေချင်ဘူး ဆိုရင်ပေါ့ ၊အခုကတည်းက အဖေ သတိထားတာ "" ယမင်းတို့ Company ရှိနေတာပဲဟာ အဖေကလဲ"
"မင်း ဇနီးလောင်းCompany ကရှိပေမယ့် သူ့ရှယ် ယာက နံပါတ်(၂)ကွ ၊ သူ့ရှယ်ယာလောက်နဲ့ Company မလည်ပတ်နိုင်ဘူးကွ "
"အစကတည်းက နံပါတ်(၁) ဒေါင်းခန့်ရှိန်နဲ့ ပေးစားရင် ရရဲ့သားနဲ့ အခုဟာက နံပါတ်(၂)ကို ယူရပြီး "
" သူက လုံးဝ Coolဖြစ်တယ်လေ ၊သူ Gay နေလို့လား"
" GayမGay တော့မသိဘူး ညနေက ကျွန်တော် ရည်စားဟောင်းနဲ့ တွေ့လိုက်တယ် "
" ဘာ!!!! လရောင်ငယ်နဲ့ "
ဦးငြိမ်ချမ်းအောင် ဒေါသထွက်မိသည်။သူအမုန်းဆုံးလူရဲ့သားနဲ့မှ ဖြစ်နေလို့ သူတော်တော် ဒေါသထွက် လေသည်။
"ဟုတ်တယ် "
"မင်းကောင်က မင်းကို ဒီလောက်ကြွေနေတာ
သူရူးသင့်တယ်မလား"" ရူးပြီးသေအောင် လုပ်တာပဲ "
"အေး အခုသူဘာမဖြစ်ဘူးလေ"
ဦးငြိမ်ချမ်းအောင် စီစဉ်ထားတဲ့ အကွက်ထဲ မဝင်လာတဲ့ လရောင် ကြောင့် ဦးငြိမ်ချမ်းအောင် တော်တော်ဒေါသထွက်နေခဲ့သည်။
"နောက်မှ ထပ်စီစဉ်မယ် အခုတော့သွားနားတော့"
"ဟုတ် ဖေဖေ"
စည်သူငြိမ့် မကျေနပ်ပါလည်း မတက်နိုင်ပါ ။ ဒေါင်းခန့်ရှိန် ဆိုတာ ထိလို့ရမယ့်သူ မဟုတ်မှန်း အဖေသတိပေးလိုက်ပြီး ဖြစ်လို့ စိတ်ထဲက နည်းနည်းတော့ မကျေနပ်ဖြစ်နေလေသည်။ ဦးဒေါင်းခန့်ရှိန်ရဲ့ စကားကို အခုထိကြားနေဆဲပဲ။
YOU ARE READING
Redress