Part 15.🤭

1.1K 28 3
                                    

(Unicode)

ဒေါင်း ကားကိုဂျက်လိုမောင်းကာ မိနစ်၂၀ ကြာသွားတဲ့ ခရီးကို ၁၀မိနစ်ထဲနဲ့ ရောက်ခဲ့လေသည်။သွားရာလမ်းတွင် စတိုးဆိုင်တစ်ခုဆီဝင်ပြီး စောင် အပါးတစ်ထည်နှင့်မျက်နှာသုတ်ပါဝါ ဝင်ဝယ်လိုက် သေးသည်။
Happy dreams ကိုရောက်တော့ ဒေါင်းကားကိုရပ် ကာ လမ်းမှာဝင်ဝယ်ခဲ့တဲ့ မျက်နှာသုတ်ပါဝါကို ထုတ်နေစဉ်ပင်

"ဦး.....ကျွန်တော်ဆီ လာလေ"

​ကားနောက်ခန်းရဲ့ ဆိုဖာပေါ်မှာလဲနေရင်းသူ့ကို ခေါ်နေတဲ့ ကလေးကြောင့်

"ဟုတ်ပြီး ခနစောင့်ငယ်"

ဒေါင်း မျက်နှာသုတ်ပါဝါကိုယူရာ အနောက်ခန်းကို ဝင်လာခဲ့လေသည်။

"ငယ် ကို ခေါင်းသုတ်ပေးမယ် တစ်ချက်...အ့"

ကလေးက သူဝင်လာတာတွေ့ပြီ ထရာကနေ
ရုတ်တရပ် ထလာကာ သူ့ကို ဖက်ကာတပ်မက်မူ့အပြည့်နှင့် သူ့ကိုနမ်းရှုပ်နေလေတော့ ဒေါင်း စိတ်မလွတ်သွားအောင် စိတ်ကိုချုပ်တည်းထားမိသည်။
ကလေးက သူ့ကို နမ်းရာကနေခွာပြီးနောက် ရီဝေဝေ
ဖြစ်နေသော် မျက်ဝန်းလေးနှင့် တစ်ခုခုကိုတောင်းဆိုနေသလိုမျိုး ဒေါင်းခံစားမိသည်။

"ငယ်......"

"ဦး...ငယ်..ငယ် ကိုပေးပါလား Plz"

ကလေးဘာတွေကြုံခဲ့လဲ ဒေါင်းမသိပေ။ ကလေးရဲ့
ပထမဆုံးကိုလဲ အခုလိုမလုပ်ချင်ပါ။ ပြီးတော့
ကလေး က မိုးမိထားတော့ နေမကောင်းဖြစ်တော့မည်မှန် သိနေတော့ သူပို၍မလုပ်ချင်ပါ။

"ငယ် မဖြစ်ဘူးလေ ငယ်ရယ် နော်"

"......."

သူက သူ့ဦးကို ပေးနေတာတောင် ဦးက မယူတော့
ဦး သူ့ကို ချစ်ရဲ့လာဆိုပြီး အတွေးတွေမဖိတ်ခေါ်ဘဲ ဝင်လာလေတော့ စိတ်တွေက သူ့အလိုလိုဝမ်းနည်း
လာပြီး မျက်ရည်တွေပါ အပြင်ကိုယိုဖိတ်လာလေ၏။

"ငယ် မငိုရဘူးလေ..ငယ်ရယ် ကိုယ့်ကိုချစ်တယ်မလား ဟင်"

" ချစ်လွန်းလို့ အရမ်းချစ်လို့ ကျွန်တော်ကို ပေးဖို့ပြောနေတာပေါ့ ၊ ဦး ကျွန်တော် ကို တကယ်ရော
ချစ်ရဲ့လား??"

 Redress Where stories live. Discover now