(Unicode)
" Hello ဦးနောင်"
"ငါ့တူ မင်း စုံစမ်းခိုင်းတာတဲ့ ရဲမှုုးလိပ်စာ ရပြီး"
"ဟုတ်ကဲ့ ပြောလို့ရပြီး ဦးနောင်"
ဒေါင်း စားအုပ်နဲ့ ဘောပင်ကို ယူကာလိုက်မှတ်လေသည်။ ဦးနောင်ပြောတဲ့ လိပ်စာကို လိုက်မှတ်ပြီသော လိပ်စာ စာရွက်ကိုကြည့်ကာ ဒေါင်း အပေါ်နှုတ်ခမ်းကော့တက်ကာလာ၏။
"ကျေဇူးပါ အော် ဒါနဲ့ ရဲမှုုးနာမည်ဘာလဲ ဦးနောင်"
"ကျော်ဝင်းလို့တော့ ငါကြားတာပဲ"
"ဟုတ်ဟုတ်"
"မင်းဘာလုပ်ဖို့လဲ ငါ့တူ"
"ကျွန်တော် သိချင်တာလေးရှိလို့ပါ ဒါပဲနော် ဦးနောင်"
ဒေါင်း ဦးနောင်ကို နှုတ်ဆက်ကာဖုန်းချလိုက်လေသည်။လိပ်စာမှာ ပါသည်အတိုင်း ထိုနေရာကို သွားရန်ကားသော့ကို ယူကာလိုရာခရီးသို့ စတင်ထွက်ခွာသွားတော့သည်။
ပွန်း....ပွန်း
ဒေါင်းကားဟွန်းတီးလိုက်၍ ခဏအကြာမှာတော့
ကောင်လေးတစ်ယောက် ထွက်လာလေသည်။
ဒေါင်း လဲ ကားပေါ်ကနေဆင်းကာ ခြံသံတံခါးဝဆီလှမ်းလာ၏။သူ့ကိုမြင်တော့ ကောင်လေးက"ဘာကိစ္စရှိလို့လဲဗျ"
"ဒီအိမ်က ရဲမှုုးကျော်ဝင်း အိမ်လား"
"ဟုတ်ပါတယ်ဗျ"
"ရဲမှုုး နဲ့ တွေ့ချင်လို့ အိမ်မှာရှိတယ်မလား"
" ဝင်ပါဗျ"
ကောင်လေးက တံခါးဖွင့်တော့ ဒေါင်းလဲ ကားကို အပြင်မှာပဲထားကာ ခြံထဲသို့ ဝင်လာလေရာ
ကောင်လေးက ရဲမှုုးကိုသွားခေါ်မယ်ဟု ဆို၍ ထွက်သွားလေတော့ ဒေါင်း ဧည့်ခန်းမှာသာ ထိုင်စောင့် နေလိုက်သည်။မကြာပါပင် အသက်ကြီးကြီး(၅၀)နီးပါး လူကြီးတစ်ယောက် ရောက်လာလေသည်။" ဦးလေး ကိုတွေ့ချင်တယ် ဆိုလို့ ဘယ်သူများလဲကွဲ့"
ဒါပေါ့။ ဒေါင်းကို ရဲမှုုးက ဘယ်မှတ်မိမလဲ?
၁၀နှစ်တောင် ကြာခဲ့ပြီဟာ ဒါကိုဒေါင်း ကြိုတွေးပြီးသားပါ။
YOU ARE READING
Redress