ဒေါင်းကိစ္စပြီလို့ ကလေးဆီပြန်လာခဲ့လေသည်။ ကလေးအိမ်ကိုရောက်တေယ့ ကလေးကဒန်ပေါ်မှာ
ထိုင်ကာ သူ့ကိုစောင့်နေလေ၏။ ဒေါင်းကားခြံထဲ
ဝင်လာတော့ ကလေးကဝမ်းသာအားရစွာပြုံးပျော်ကာသူ့ဆီ ပြေးလာတော့သည်။"ငယ်...မပူဘူးလား အပြင်မှာနေနေတာ..မွ..
ကိုယ်ပြန်လာမှာပေါ့.. အထဲမှာစောင့်နေတာ
မဟုတ်ဘူး..""ငယ်က ဦးကိုလွမ်းလို့..ဦးသွားတာ အကြာကြီးပဲ...
ငါထိုင်စောင့်နေတာ ညောင်းတောင်ညောင်းတယ်"ကလေးကသူ့ကို ဘယ်အချိန်ကတည်းထိုင်စောင့်နေတာပါလိမ့်...။
"ငယ်ကလဲ...အခင်းပျော့ပျော့လေး ခင်းထိုင်လေ..
အောက်က နာနေသေးတယ်မလား..?""ဦးကလဲ ရှက်စရာကြီး..."
ဒေါင်းပြောလိုက်သည့်စကားကြောင့် ကလေးက ပါးလေးရဲရဲနှင့် ရှက်ပြုံးပြုံးကာ ချစ်စရာကောင်းအောင် ပြန်ပြောလေ၏။
"ဟုတ်ပြီးဗျာ...ငယ်ဘာစားချင်လဲ..?ကိုယ်ဝယ်ကျွေးမယ်.."
စားရမည့် အသံကြားတာကြောင့် လရောင်မျက်လုံးလေးတွေ ပုလဲလုံးပမာလုံးဝန်းကာဝင်းလက်နေလေ၏။
"တကယ်နော်..ဦး.."
"တကယ်ပါဗျာ...သွားကြမလား..?"
"မွ...ဟုတ်..!"
လရောင်လဲ ဦးကို အနမ်းချိုလေးတစ်ပွင့် ဖန်းဆင်းပေကာ ခေါင်းညိတ်ပြလေ၏။
ဒေါင်းနှင် လရောင် ကားပေါ်တက်ကာ မုန့်စားဖို့ရန် အပြင်ကို ထွက်သွားလေကြသည်။
ထိုအဖြစ်အပျက်ကို အိမ်အပေါ်ထပ်ကပြတင်းပေါက်
ကနေ လှမ်းကြည့်နေသော်သူတစ်ယောက်ရှိတယ်ဆ်ိုတာ သူတို့ နှစ်ဦးလုံး မည်သူကမျှမသိခဲ့ပါ....။__________
သော်ဇင် မနက်(၁၀)နာရီကတည်းက လူနာကြည့်တာ
အခုနေ့လည်(၁၂)နာရီကို ရောက်ခဲ့ပြီ....။
ဒီနေ့မနက်ပိုင်း အတွက်တော့ သော်ဇင် duty Time က ပြီးသွာပြီ ဖြစါသည်။ဗိုက်ကလဲဆာနေပြီး ဖြစ်တော့ Duty ကုတ်ကို ချွတ်ကာသိမ်းစည်းနေချိန်....ဒေါက်ဒေါက်....
"ဝင်ခဲ့ပါ...."
သော်ဇင် တံခါးကို လာခေါက်သည်က
သူ့လက် ထောက်သူနာပြုသာဖြစ်သည်။
YOU ARE READING
Redress