Part 25

736 27 3
                                    


နေလင်း ကျောင်းကို ရောက်လာပြီး ကဖစ်တာကြောင့် စိတ်ကိုတင်းကာ အတန်းချိန် တစ်ချိန် လောက်တော့ အားနားပါနားနှင့် တက်လိုက်၏။

အတန်းချိန်ပြီးပြီး ဖြစ်တော့ ဗိုက်ဆာလာတာကြောင့် ကန်တင်းထိုင်ဖို့ ဆုံးဖြတ်ချကာ အတန်းထဲနေ ထွက်လာပေမယ့် အဖော်မရှိဘဲ ကန်တင်းထိုင် ရမှာ အလွန်ပျင်းစရာကောင်းနေတော့...

" တစ်ယောက်ထဲဆို ပျင်းတယ်...လရောင်ကလဲ အားမယ့်ပုံမပေါ်...ဟူး....စိတ်ပျက်လိုက်တာ..."

နေလင်း ညည်းညူးရင် နက်နက်နဲနဲစဉ်းစားနေလေ၏။ ပြီးတော့ကာမှ တစ်ခုခုကို သတိရသွားကာ....

"အင်း....ဦးသော် ဆီသွားရင်ကောင်းမလား...?
ဒီနေ့ တနင်္လာနေ့ဆိုတော့ အားပါ့မလား..?
အရင်ဖုန်းဆက်ကြည့်ရင် ကောင်းမလား...?
ဟုတ်တယ်..ဖုန်းဆက်လိုက်မယ်..."

နေလင်း အိတ်ထဲက ဖုန်းကိုထုတ်ပြီ သော်ဇင်ဆီ ဖုန်းခေါ်လိုက်တော့သည်။

"ပြော..."

ဦးစိတ်တိုပီသပါပေသည်..။ သူ့ကို တွေ့တာနဲ့
ဦးစိတ်တို၏ မရှည်တဲ့ စိတ်က ပိုလို့တိုလာစမြဲပင်။
ဒါက ဖြစ်ရိုးဖြစ်စဉ်ပင် ဖြစ်နေပြီး...။

သူကသာ ဦးစိတ်တိုကို ခင်သွယ်နေတာ..ဦးစိတ်တိုက သူစမခေါ်ရင် အရင်စခေါ်မည့်သူမဟုတ်...။
ဒီဦးစိတ်တိုနဲ့တော့ ခက်ပါပေ့ဗျာ...။

"ဦးခန့်ချော...ဘာလုပ်နေလဲ...?"

"ငါမအားဘူး..Round လှည့်ရမယ်..."

"ဘယ်တော့ ပြီမှာလဲဟင်..."

"နောက်တစ်နာရီလောက်တော့...နေအုံး..မင်းကဘာလုပ်ဖို့လဲ..?"

"ဘာမှမလုပ်ပါဘူး..မေးကြည့်တာ..."

"မင်းအခုဘယ်မှာ...ဘယ်တွေ ဒဝေထိုး နေပြန်လဲ..."

"ကျွန်တော် ဘယ်မသွားနေဘူး...အခုကျောင်းမှာ
အဟွန့်..."

"ပြိီးတာပဲ...ဒါပဲ သွားRound သွားတော့မယ်.."

"ဟုတ်ဟုတ်..."

နေလင်း သော်ဇင်နှင့် ဖုန်းပြောပြီး တစ်စုံတစ်ရာကို
တွေးနေမိ၏။

ဦးစိတ်တိုက နောက်တစ်နာရီမှအားမှာဆိုတော့
အချိန်ရှိခိုက်လုံလစိုက်ရအုံးမှာပေါ့...

 Redress Where stories live. Discover now