Part 1

3K 85 1
                                    

(Unicode)

"ငါမင်းကို မချစ်တော့ဘူး"

နားရှိလို့သာ ကြားခဲ့ရတာ တကယ်မယုံနိုင်ခဲ့တဲ့ အခန့်အတန့်လေး
ဘာကြောင့်လဲ လွယ်လွယ်နဲ့ပြောထွက်ရတာလဲ
ကိုရယ်

"လရောင် တောင်ပန်းပါတယ် ကိုရယ်
လရောင် မှာ ဘာအပြစ်ရှိလို့လဲ ဟင်
ကို မရှိပဲ လရောင်မနေချင်ဘူး ခွဲမသွားပါနဲ့နော်
ရှိခိုးကန်တော့ပါတယ် ကိုရယ်
လရောင် ကို့ကို ချစ်တယ် "

"ငါမင်းကို ဘယ်နှခါပြောရမလဲ ငါမင်းကို မချစ်တော့ဘူး ငါ အရမ်းချစ်ရတဲ့ သူရှိနေပြီး ငါသူနဲ့ လက်ထပ်တော့မှာ "

"ကို မလိမ်ပါနဲ့ လရောင်တို့ တွဲလာတာ ကြားပြီးလေ
ဘာကြောင့်အခုမှလဲ ကို မလိမ်ပါနဲ့ "

"ငါ ဘာကိစ္စ မင်းကို လိမ်ရမှာလဲ မင်းမယုံရင် ဒီမှာ ဖိတ်စာ နောက်လ ငါတို့ လက်ထပ်တော့မယ် "

ကမ္ဘာကြီးရပ်တန့်သွားသလို ထိုအခိုက်တန့် မှာ လရောင် ခြေပင်မခိုင်တော့ပါ ကိုပစ်ပေးလိုက် ဖိတ်စာဟာ လေပေါ်မှာလွင့်ရာကနေ မြေခခဲ့ပြီး
​ဖြေးညင်းစွာ ဖိတ်စာကို ယူကြည့်ရင်း လရောင် ကမ္ဘာလေး ပြိုလဲခဲ့ပြီး

ထိုအချိန်မှာပင် ကား ဟွန်းတီးသံကြားလိုက်ရတော့
မျက်လုံးက အသံကြားရာသို့ ဝှေ့ကြည့်လိုက်စဉ်မှာပင် ကိုက
"ငါ လက်ထပ်ရမယ့် မိန်းကလေးက သူပဲ
ယုံတာ မယုံတာ မင်းအပိုင်းပေါ့ ငါသွားပြီး
နောက်ငါရှေ့ကနေ ပြန်ပေါ်မလာနဲ့ လရောင်ငယ် "

"လရောင် ကို တကယ်မချစ်ခဲ့ဘူးလားဟင်"
"ဟုတ်တယ် မချစ်ခဲ့ဘူး ဟိုတုန်းကလဲမချစ်ဘူး အခုလဲ မချစ်ဘူး နောက်လဲ ချစ်လာမှာမဟုတ်ဘူး ကဲ့ ငါသွားပြီး"

ကိုက ပြောပြီး လရောင်နားကနေ ထွက်သွားခဲ့တယ်
*လှည့်တောင် မကြည့်ခဲ့ဘူးလား ကိုရယ် *

ကို ထွက်သွားတာကို ငေးကြည့်ရင် ကိုက အဲ မိန်းကလေးနဲ့ ရယ်မောရင်း ကားမောင်း
ကား ထွက်သွားတော့တယ် လရောင် နှစ်နှစ်လလ တည်ဆောက်ခဲ့တဲ့ ကမ္ဘာငယ်လေးက မိနစ်ပိုင်းမှာ
တင်ပြိုလဲခဲ့ပြီး မျက်ရည်ကျတာ ကိုက မကြိုက်ဘူးဆိုလို့ မငိုမိအောင် ထိန်းချုပ်ခဲ့ပေမယ့် ကောင်ကင် ကြီးက လရောင်ရဲ​့ စိတ်ကို သိနေသည့် အလား မကြာခင်မှာပဲ မိုးပုလဲ တွေ လရောင်မျက်နှာပေါ်ကျလာတော့သည်

 Redress Where stories live. Discover now