Part 28

615 19 2
                                    


ကြီးကျယ်ခမ်းနားလှတဲ့ လူဂုဏ်တန်းဆင့်မင်္ဂလာပွဲလေးကို တက်ရောက်ကြတော့ အကုန်လုံးကလဲ တောက်တောက်ပပနှင့် တောက်ပြောင်လှသည်။

ထိုမင်္ဂလာပွဲကို ငယ့်ကိုပါခေါ်လာခဲ့သည်။
ရည်ရွယ်ချက်ကလဲ တစ်ခုတည်းပါ။
ပိုင်ရှင်ရှိမှန်း အတိအလင်း ကြေညာပြီသာဖြစ်သွာစေရန် ကြောင့်သာ။

ဒါမှမဟုတ်ပါက နောက်ဆက်တွဲကိစ္စများ ထိုင်ရှင်းနေရအုံးမည် ။ ဒါကြောင့် ငယ့်ကိုပါ တစ်ပါတည်းခေါ်လာခဲ့၏။

ဘေးနားကနေ ဒေါင်းလက်ကိုတွဲပြီး အတူတကွပွဲတွင်းသို့ ဝင်လာသည့်လရောင်မှာတော့ အတော်လေပင် ရင်တုန်လှသည်။

ဒီပွဲကို လရောင်လာခဲ့ချင်၍ရောက်လာခဲ့ခြင်းမဟုတ်။ ဦးခေါ်လာခြင်းကြောင့်သာဖြစ်၏။

ဒီလိုမျိုး အများရဲ့စိတ်ဝင်စားခြင်းခံရတာကိုလရောင် ကြိုက်လဲမကြိုက်သလို နေသာလဲမကျပါ။

ဒါကြောင့် ဦးလက်ကိုချိတ်ထားသည့် လရောင် လက်လဲပဲ အနည်းငယ်တုန်ယင်လာသည်။
ဒါကိုသတိထားမိသွားသည့် ဦးက...။

"ငယ် ကြောက်နေလား??"

စိုးရိမ်တကြီးနှင့် မေးလာတဲ့ ဦးကို အပြုံးလေး
တစ်ပွင့် ဖန်းဆင်ပေးကာ...

"ဟင့်အင်း...ငယ် အဆင်ပြေတယ်..."

ဦး သူ့ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို မလိုလားတာကြောင့် အခုလိုဖြေလိုက်ခြင်းပင်။

"ဘာမှကြောက်စရာမလိုဘူး...ကိုယ်ရှိတယ်..."

"အင်း..ပါ..ငယ်သိပါတယ်.."

"အာ ပြီးတော့လေ ငယ်နဲ့ဒီဝတ်စုံနဲ့ အရမ်းလိုက်
တယ်...ကိုယ်ကို အရမ်းဆွဲဆောင်နေတယ်.."

"ပိုပြီ ဟွန့်.."

လရောင်ကို ဦးက အနီရောင် အနောက်တိုင်းဝတ်စုံကို သူမသိအောင်စီစဉ်ခဲ့လေသည်။

ဆိုဒ်က တော်ပါ့မလားလို့ မေးကြည့်မိတော့ ဦးကဘာပြောတယ်မှတ်လဲ။

ငယ်ရဲ့ ဆိုဒ်ကို အတိတ်မေ့သွားရင်တောင် မှတ်မိတယ်တဲ့ဗျာ။

ဦးက ဒီလိုနဲ့ သူ့ကိုအသေကြွေအောင်လုပ်လုပ်နေတာ။

"ဒါဆို ကိုယ်တို့ ဝင်ကြမလား.."

 Redress Where stories live. Discover now