Part 7

929 38 0
                                    

(Unicode)

"လွန်ခဲ့တဲ့ (၁၀)နှစ်လောက်က မိုးတွေသည်းနေတဲ့ ညတစ်ညမှာ မေမေဖုန်းသံကြောင့် ကျွန်တော်ရော မေမေပါ လန့်နိုးလာတယ်..... "
_____________

လွန်လေပြီးသော (၁၀)နှစ်ခန့် -----

"သား ဆက်အိပ်နော် မေမေဖုန်းပြောလိုက်အုံးမယ်"

"ဟုတ်"

လရောင် အိပ်ငိုက်နေတာကြောင့် ပြန်အိပ်ပျော်သွားလေသည်။ ဒေါ်ခိုင်နွဲ့ ဖုန်းကိုယူပြီး အခန်း​ပြင်ထွက်လာကာ

" Hello "

"ဦးမြတ်နေရောင် မိသားစုဝင်လားရှင့်"

"ဟုတ်ပါတယ် ကျွန်မသူ့အမျိုးသမီးပါ"

"ဟုတ်ကဲ့ရှင့် ဦးမြတ်နေရောင် ကားaccident ဖြစ်ပြီး
" ရှုန်ဝါ " ဆေးရုံကို ရောက်နေပါတယ်ရှင့်
ဆေးရုံ အမြန်လာခဲ့ပေလို့ရမလားရှင့်"

ဒေါ်ခိုင်နွဲ့ကြားလိုက်ရတဲ့ သတင်းကြောင့် ခြေတုန်လက်တုန်လာလေသည်။

"ရှင်!!!!  ဟုတ်...ဟုတ်ကဲ့ ကျွန်မလာခဲ့ပါ့မယ်"

ဒေါ်ခိုင်နွဲ့ ဖုန်းကို အမြန်ချကာ အခန်းထဲက Black card နဲ့ ပိုက်ဆံအိတ်ကိုယူကာ အောက်ထပ်ကိုပြေးဆင်းလာလေသည်။အောက်ထပ်က အခန်းတစ်ခုရဲ့ တံခါးကို ဆက်တိုက်ခေါက်ရင်း

" ဒေါ်ရှင်း ဦးစမ်း ခနထပါအုံး"

" ဟေးဟေ အော် သမီးခိုင် "

" ဒေါ်ရှင်း သားငယ် အနား ခနနေပေးပါအုံး
ကျွန်မ အရေးကြီးကိစ္စရှိလို့ ဦးစမ်းကို ခေါ်သွားမယ်
မနက်ဖြန် မနက် ကျွန်မပြန်ရောက်မှပါ"

" အေးအေး သားငယ်ကို အဒေါ် ဂရုစိုက်ထားပေမယ်ဂရုစိုက်သွား သမီး"

"ဦးစမ်း သွားရအောင်"

ဒေါ်ခိုင်နွဲ့နှင့် ဦးစမ်း ကားပေါ်တက်ကာ

" ဦးစမ်း " ရှန်ဝါ" ဆေးရုံကို မောင်းပေး
မြန်မြန် အရေးကြီးလို့"

"အေးအေး သမီး"

ကားနဲ့ အိမ်ကနေအမြန်ထွက်လာကာ ၁၅မိနစ် ကြာတော့ " ရှန်ဝါ "ဆေးရုံသို့ ရောက်လာလေသည်။
ဒေါ်ခိုင်နွဲ့ ဆေးရုံရောက်တော့ အရေးပေါ်အခန်းကို
ရှာဖွေနေလေသည်။

 Redress Where stories live. Discover now