(Unicode)
ဒေါင်း နဲ့ လရောင် အခန်းထဲရောက်တော့ ဒေါင်းလဲ အခန်းထောင့်နားက ဆိုဖာပေါ်ကာ ဖုန်းကိုကြည့်နေလေသည်။ ထိုစဉ်
ဒေါက်ဒေါက်
တံခါးခေါက်သံကြားတော့ ဒေါင်းဖွင့်ကြည့်လိုက်တော့ ဦးစမ်း က စောင်ကို ပိုက်ကာ အခန်းရှေ့ရောက်နေ သည် ။
"ဆရာ့အတွက် စောင်ပါ "
"အော် ဟုတ် ကျေဇူးဗျာ"
"ဦးစမ်းကို ခွင့်ပြုပါအုံး "
"ဟုတ်ဟုတ်"
ဦးစမ်းထွက်သွားတော့ ဒေါင်း တံခါးပြန်ပိတ်ကာ လက်ထဲက စောင်ကို ဆိုဖာထားပြီး ဖုန်းကိုကောက် ကာပြန်ကြည့်နေလိုက်၏။ဖုန်းကြည့်နေစဉ် တစ် ယောက်ယောက်ကြည့်နေသလို ခံစားရတာကြောင့် မျက်လုံးကို Phone screen ကနေခွာကာ မျက်လုံးကို လှန်ကြည့်လိုက်တော့ ကောင်လေး က သူကို စိုက် ကြည့်နေလေပြီ ကောင်လေးပါးစပ်က အနည်းငယ် ပွင့်လာကာ မကြာခင်မှာပဲ ကောင်လေးဆီက စကားသံတွေက လေဟာနယ်ကို ဖြတ်ကျော်ကာ ဒေါင်းနားဝထဲ တိုးဝင်လာလေသည်။
"ခင်ဗျာ ဖုန်းပဲကြည့်နေတော့မှာလား ကျွန်တော်တို့ လုပ်စရာရှိတယ်လေ "
" ဟင် !!"
ဒေါင်း ကောင်လေးကို ပြူးကြောင်ကာကြည့်နေတော့
"ခင်ဗျာ ဘာကြောင်ကြည့်နေတာလဲ
ကျွန်..ကျွန်တော်ပြောတာက စိတ်ထိန်းဖို့ နည်းလမ်းကို ပြောတာ ""အော် အဲဒါလား ဟားဟား"
ဒေါင်း ကိုယ်အတွေးနဲ့ကို ကိုယ်ပြန်ရှက်ကာ ရယ်ချင် လာပြီ ကောင်လေးက ဒေါင်း အတွေးကို သိသည့်အလာ
"ခင်ဗျာနော် ဟင်းဟင်း"
" ဟီးဟီး "
" ရီမနေနဲ့ လာတော့ဒီကို ပြောပြမယ်ဆို "
" ဟုတ်ပါပြီဗျာ"
ဒေါင်းလဲ ကောင်လေးရှိရာ ကုတင်ပေါ်သို့ တက်လာကာ ကောင်လေးကို စိတ်ထိန်းနည်းအကြောင်း
စပြောပြလေတော့ ကောင်လေးလဲ စိတ်ဝင်စားစွာ ဒေါင်းပြောသမျှကို ယုန်သူငယ်လို့ နားခံနေလေသည်။" အရင်ဦးဆုံးကိုကလေးကို ဆေးပညာအရ စိတ်ထိန်းချုပ်နည်းကို အရင်မလုပ်ခိုင်သေးဘူး ကိုယ်တို့ အခု အရင်လုပ်ကြည့်ကြမှာက စိတ်ကိုအရင်တည်ငြိမ် အောင်ထားရမယ် အဲဒါက "တရားရှုမှတ်" ခြင်းနဲ့
စိတ်ကို တည်ငြိမ်အောင်ထားမယ် "
YOU ARE READING
Redress