Part 12

781 33 3
                                    

(Unicode)

လရောင်တို့ တက္ကသိုလ်ကျောင်းသားပီပီ
ပထမကျောင်းတက်ရက်မှာ အတန်းနေရာနှင့်
အချိန်စာရင်း သွားကြည့်ခဲ့ပြီး ဒုတိယကျောင်းတက် ရက်ကို ဆက်မတက်တော့ပဲ နောက်တစ်ပတ် တနင်္လာနေ့မှ တက်ကြလေ့ရှိတယ် ဒါလဲ ထုံးစံလိုတောင်ဖြစ်တော့မှာ။
အဲနေ့မှ ဆရာမ လဲစုံ၊ ကျောင်းသားတွေလဲလူစုံပြီပေါ့။
​ဒီကျောင်းပိတ်ရက်မှာ ဦးကကျွန်တော်ကို စိတ်ရှုပ် လာတဲ့အချိန်မှာ ဘာလုပ်သင့်လဲ??
စိတ်ကို ဘယ်လို ထိန်းချုပ်သင့်လဲ ကျွန်တော် လေ့ကျင့်ပေးတော့ တစ်ပတ်အတွင်း အဖြေအနေက ပုံမှန်ပြန်ဖြစ်ခါနီးပါပဲ။
ဦးက ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ဆေးကို လိမ်လိမ်တိုက်နေတာ သိသားပဲ။
ချောင်းဆိုးလဲ ဒီဆေးပဲ အစာအိပ်လဲ ဒီဆေးတွေပဲ
ဆိုတော့ လူက မရိပ်မိပဲနေမလား??
ဒါပေမယ့်လဲ သောက်လိုက်ပါတယ်လေ ၊ဦးက ကောင်းစေချင်လို့ တိုက်တာပဲ။
ဟုတ်တယ်ဟုတ်။ အခုလဲ.....
ထုံးစံအတိုင်း ဦးကတော့ ကျွန်တော်ကို ကျောင်းသို့ပို့ပေးကာ "ချစ်တယ်"ပြောပြီးထွက်သွားလေရဲ့။
အဟင်း.....။
ဦးက လူများအမြင်မှာတော့
အေးစက်စက်နိုင်တဲ့ သူပေါ့၊ ကျွန်တော်ရှေ့မှာတော့
အရမ်းကလေးဆန်ပြီ၊ပြောင်စပ်စပ်နဲ့ ။
ဒါပေါ့....။
သူများနဲ့ ကျွန်တော် နဲ့ ဘယ်တူမလဲ????
ဟုတ်တယ်မလား ??
ဒါပေမယ့်...ဒါတွေထားလိုက်ပါလေ၊
အခုလဲ အတန်းထဲရောက်လာတော့
ရည်းစားဟောင်းအကြောင်း လာမေးကြတယ်လေ၊ ကျွန်တော် ပြောမှ အတည်ပြုလို့ရမှာဆိုပြီး လာမေးကြပေါ့။
သူတို့လဲ စိတ်မကောင်းစွာနဲ့ အားပေးစကားတွေ ပြောပေးကြပါတယ်။
ကျွန်တော်တို့က Officaialတွဲလာတာဆိုတော့ ကျောင်းမှာရှိတဲ့သူတွေကတော့ ကျွန်တော် နှစ်ယောက်ကိုမြင်ကြမှာပဲ။
တစ်ချို့ကျတော့ ကျွန်တော်အတွဲကို သဘောတူကြတယ်၊ တစ်ချို့ကကျတော့လဲ သိပ်ကြည့်မရကြဘူးပေါ့၊ တချို့တလေကတော့ ဘာမှလဲမပြောဘူး။
အခုချိန်မှာတော့
အားပေးစကားပြောတဲ့ သူရှိမယ်၊ မဲ့ပြုံးပြုံးနေကြတဲ့ သူတွေရှိမယ် ၊ဘာမှမပြောတဲ့ သူရှိမယ်။
ဦး ပြောခဲ့တာ အရမ်းမှန်တယ်လို့ ကျွန်တော်ထင်မိတယ်။
လူတွေက ကိုယ့်ရဲ့ ခံစားချက်ကို နားလည်ပေးနိုင်မယ့် သူရှိမယ် ၊ နားလည်မပေးနိုင်တဲ့သူရှိမယ်
ဒါသဘာဝပဲ အဆန်းမဟုတ်တော့ဘူး။
ကျွန်တော် ရည်းစားဟောင်းလည်းသူရွေးချယ်လိုက် တဲ့လမ်းကို သူပျော်ပျော်ရွှင်ရွှင်လျှောက်နိုင်ဖို့ ကျွန်တော်သဘာထာကြီးစွာနှင့် ဆုတောင်းပေးချင်မိတယ်။

 Redress Where stories live. Discover now